Chapter-38

1.9K 291 13
                                    

Uni
"ရော့ ရှောင်ကွမ်း"
စူးအား ကမ်းပေးလာသော ကတ္တီပါဗူးလေးကို အရောင်တောက်သောမျက်ဝန်းအစုံဖြင့် ရီဖေးလှမ်းယူကာ ရင်တလှပ်လှပ်နဲ့အသာအယာဖွင့်လိုက်သည်။

ကျောက်စိမ်းဆွဲပြား
သာမာန်ရိုးရှင်းတဲ့ပုံသဏ္ဍန်လေးထောင့်ကျောက်စိမ်းမှာမှ ထူးခြားနေတာက ကွပ်ထားတဲ့ရွှေသားဘောင်မှာ ဖော်ကျူးထားတဲ့မြွေနှစ်ကောင်ပုံ။လေးထောင့်ကျောက်စိမ်းပြားကို မြွေနှစ်ကောင်ကဘောင်ခတ်ထားတဲ့သဘော။
မြွေနှစ်ကောင်ရဲ့ဦးခေါင်းနှစ်ခုဟာ အပေါ်ဘက်မှာလိန်ယှက်နေလျက်။အောက်ဘက်မှာတော့ အမြီးနှစ်ခုလိန်ယှက်နေသည်။
လူအများစုဟာ အဆောင်၊တန်ဖိုးကြီးပစ္စည်းများတွင် ဇာမဏီငှက်ဖို၊မ ပုံများနဲ့တန်ဆာဆင်လေ့ရှိတာမို့ ထိုဆွဲပြားကို ရီဖေး မေကွေ့အားလက်ဆောင်ပေးစဉ်က ယောက္ခကြီးက နှာခေါင်းရှုံ့ဖူးသည်။
ကြံကြံဖန်ဖန်မြွေရုပ်တွေတဲ့။မေကွေ့ကတော့ ခင်ပွန်းသည်လူထူးဆန်းအကြောင်းသိနေတာမို့ ‌ရယ်မောကျေနပ်စွာပင် လည်ပင်းမှာဆွဲရှာသည်။
အဲ့လိုထူးခြားတဲ့အရုပ်တွေပါနေတာကပဲ ထိုဆွဲပြားကို ရီဖေးပြန်ရှာတွေ့စေတဲ့အမှတ်အသားတွေဖြစ်လာခဲ့တာပင်။

"ရှောင်ကွမ်းရယ် မင်းဒီဆွဲပြားတန်ဖိုးကိုရအောင်အလုပ်တွေဘယ်လောက်တောင်လျှောက်လုပ်နေလဲ ဘာလို့အရမ်းအသည်းအသန်လိုချင်နေရတာလဲ"

"ကျွန်တော့်ဘဝအတွက်အရေးကြီးလို့ပါ နောက်တော့စူးအားသိရမှာပါ"

စူးအားက ခေါင်းတရမ်းရမ်းနဲ့ လက်လျှော့ဟန်ပြကာ မီးဖိုထဲဝင်သွားသည်။
ရီဖေးလိုကျောင်းသားတစ်ယောက်အဖို့ ငွေသုံးကာ ရတနာပစ္စည်းဝယ်ဖို့အဆင်မပြေတာကြောင့်
စူးအားအကူအညီယူကာ ရှေးဟောင်းရတနာဆိုင်က ကျောက်စိမ်းဆွဲပြားကို အရယူခဲ့ခြင်းပင်။

ရီဖေးလက်ထဲက ကျောင်းစိမ်းပြားလေးကို တယုတယပွတ်သပ်ကာ ရှင်းလန်မွေးနေ့မှာ ဒီဆွဲပြားလေးပေးလိုက်ချိန် ရှင်းလန်အတိတ်ကိုသတိရသွားလေမလား စိတ်လှုပ်ရှားနေမိသည်။

"ငါ့မွေးနေ့ကျရင် လက်ဆောင်ပေးရမယ်နော်"

မိမိနဖူးကို လက်နဲ့တောက်ကာ ရာဇသံပေးထားတဲ့ကောင်လေး။
ဒုတိယအကြိမ် အိပ်ယာထဲကကိစ္စကို ပထမအကြိမ်အထင်နဲ့ တအားရှက်နေခဲ့ပြီး ရီဖေးကိုရှောင်ဖယ်ဖယ်လုပ်နေရာမှ စကားသေသေချာချာပြန်ပြောတာ ၂ရက်သာရှိသေးတဲ့လူသားလေး။
ရီဖေး ရှင်းလန်အကြောင်းတွေးရင်း မျက်နှာကအပြုံးတွေကိုထိန်းသိမ်းမရ။
ရှင်းလန်က မေကွေ့တဲ့လား
မေကွေ့ လောင်ဖော်ရယ် မင်းဘယ်လိုလူသားလေးအဖြစ်မွေးဖွားလာရတာလဲ
တကယ်အရမ်းကိုချစ်ဖို့ကောင်းလွန်းနေတာတော့ ငြင်းမရ

你是我的(မင္းကငါ့အပိုင္/မင်းကငါ့အပိုင်)Where stories live. Discover now