Chapter-25

5.9K 957 97
                                    

ရှင်းလန်တို့အခန်းက ရေခဲမုန့်ဆိုင်၊showပွဲလက်မှတ်ဆိုင်နဲ့ဆောင်းဦးအကြိုလက်ဆောင်ဆိုင် ဟူ၍ ၃ဆိုင်ခင်းကြသည်။

ရှင်းလန်က လက်ပတ်အဖြူကိုဝတ်ဆင်၍ မိမိအခန်းကဆိုင်တွေကိုလိုက်ကွပ်ကဲနေရသလို
ရီဖေးတို့ အတန်းခေါင်းဆောင်အဖွဲ့က လက်ပတ်အဝါများဝတ်ဆင်ကာ ဆိုင်ပေါက်စေ့လိုက်ကွပ်ကဲနေရသည်။

ဈေးရောင်းပွဲက မနက်မှညနေအထိခင်းခွင့်ရှိပြီး နေ့လည်ပိုင်းမှစ၍ ဘတ်စ်ကတ်ဘောပြိုင်ပွဲများစတင်မည်။
ကျောင်းတွင်းပြိုင်ပွဲပဲမို့ တစ်ရက်နဲ့သာပြီးမည် ဆိုသဖြင့် ရှင်းလန် သက်ပြင်းချနိုင်သည်။
မဟုတ်ရင် ဟိုလောင်သက အခန်းကပ်တော့မည်မဟုတ်။
ည၆နာရီမှ ၉နာရီအထိ ဖျော်ဖြေပွဲများတင်ဆက်မည်ဖြစ်သည်။

ရှင်းလန် ယွမ်ယွမ်တို့ဆိုင်ကိုစိတ်ဝင်စားနေမိသည်။
မိနိးကလေးအများစုကလည်း ခုန်ဆွခုန်ဆွနှင့်ဝိုင်းအုံနေကြသည်။
တစ်ချို့ကဝယ်ကြသလို တစ်ချို့က မဝယ်နိုင်ပေမယ့် သရည်ကျနေကြသည်။

အိုပါး အိုးပါးနဲ့လည်းအော်နေကြသည်မို့ ရှင်းလန် ပိုလို့မရိုးမရွဖြစ်နေရသည်။

"ယွမ်ယွမ် နင်တို့လက်မှတ်တွေအတော်ကျန်သေးလား''

"ကျန်တာပေါ့ ဈေးကြီးတော့ လိုချင်ပေမယ့် မဝယ်နိုင်ကြဘူး ငါတို့တော့ကုန်မှကုန်ပါ့မလားပဲ''

ယွမ်ယွမ်နဲ့ ကျင်းရီတို့ မျက်နှာငယ်လေးတွေနဲ့မို့ ရှင်းလန် လက်မှတ်ဈေးကိုဖတ်လိုက်သည်။

ယွမ်၇၀၀၀..ထျန်းနာ! ဒီလောက်ဈေးကို အလယ်တန်း၊အထက်တန်းကျောင်းသားတွေက ဝယ်ကြည့်နိုင်ပါ့မလား။

"နင်တို့ဟာက ဈေးမမြင့်လွန်းဘူးလား''

"မြင့်ဆို အဖွဲ့ကလည်းစုံတာကိုး
ထန်ရှင်းလန် နင်ရော K idol တွေမကြိုက်ဘူးလား''

"ကြိုက်ပါတယ်''

"ဒါဖြင့် အားပေးဦးလေဟာ တစ်ချို့က ဝယ်နိုင်တဲ့လူကဝယ်နိုင်ပေမယ့် တစ်ယောက်တည်းကြည့်ဖို့ကလည်းပျော်ဖို့မကောင်း အပေါင်းအသင်းတွေကလည်းမဝယ်နိုင်ဆိုတော့ လူမညီပဲ လက်တွန့်ကုန်ကြတယ်ဟာ...couple တွေကတော့ ကောင်လေးကရေလျှံရင် နှစ်ယောက်စာဝယ်ကြတယ်''

你是我的(မင်းကငါ့အပိုင်/မင်းကငါ့အပိုင်)Where stories live. Discover now