Chapter-41

5K 351 44
                                    

Uni
"ချန်စူး  သူတို့က သူ့ယောက်ျားဘက်ကအိမ်မှာပဲလား"

"အခုဟိုတယ်ပြောင်းနေကြတယ်သခင်လေး"

ရှင်းလန်စိတ်သက်သာသွားသည်။
အစကတည်းက မိခင်ရဲ့နောက်အိမ်ထောင်ဘက်ကအမျိုးတွေနဲ့ရှင်းလန်လုံးဝမပတ်သတ်ချင်။ထို့ကြောင့် ရှင်းလန်လိုက်တွေ့ရန်ဆုံးဖြတ်လိုက်မိသည်။ရီဖေးကလည်းသွားတွေ့ရန်အကြံပေးသည်။ရှင်းလန်စိတ်လှုပ်ရှားနေမိသည်။မိခင်နဲ့မမြင်မတွေ့ရသည်မှာနှစ်အတော်ကြာပြီမို့စိတ်ထဲအေးစက်နေပြီ။

"အားချန် "
"မမလေး ဒီမှာ ရှောင်လန်"

ချန်စူးအားလက်ယပ်လှမ်းခေါ်နေသော မိခင်ဖြစ်သူရဲ့ရုပ်သွင်ဟာ ရှင်းလန်နဲ့ခွဲခွာသွားစဉ်ကနှင့်သိပ်မကွာခြားလှတာမို့ရှင်းလန်မှတ်မိနေသည်။
မိခင်ဖြစ်သူကတော့ ရှင်းလန်ထံ တအံ့တဩဖြင့်လှမ်းကြည့်ကာ မျက်ရည်တွေဝိုင်းနေသည်။

"ရှောင်လန် ရှောင်လန် အိုင်းယား ဒီအရွယ်တောင်ဖြစ်နေပြီ မားရဲ့သားလေး အချောလေး လာပါဦးမားဆီ"
မိခင်က လက်နှစ်ဖက်ကမ်းကာကြိုလင့်ပေမယ့် ရှင်းလန်ပေကပ်ရပ်နေဆဲ။
မိခင်က မျက်နှာပျက်သွားကာ လက်ကိုပြန်ချသွားသည်။

"လာလေ အားချန်ရောရှောင်လန်ပါ ဟိုတယ်ထဲဝင်ပြီးတစ်ခုခုစားကြဦး ဟိုမှာ ကျန်းပါ့ပါစောင့်နေတယ်"

"ကျွန်တော့မှာ အဖေဆိုလို့ ထန်ပါးတစ်ယောက်ပဲရှိတယ်"

မိခင်မျက်နှာထပ်ပျက်သွားပေမယ့်အားယူပြုံးကာ

"အေး အေးပါကွယ် ကျန်းစူးစူးစောင့်နေတယ်"

ပထွေးကကျန်းမျိုးနွယ် ဆို၍ ကျန်းရီဖေးကိုပင်သတိရသွားမိသည်။
ရှင်းလန်တို့သားအမိတွေ ကျန်းမျိုးနွယ်နဲ့ရေစက်ပါပုံရသည်။

ရှင်းလန် ဟိုတယ်ဧည့်ခန်းကဆိုဖာမှာအတောင့်လိုက်ထိုင်ကာ ကျန်းလုချီ ဟုခေါ်သော မိခင်ရဲ့နောက်အိမ်ထောင်ကိုအကဲခတ်ကာအံ့ဩနေမိသည်။ ဒီလူဟာ မျိုးနွယ်တင် ရီဖေးနဲ့တူတာမဟုတ်ပဲ ရုပ်အဆင်းသဏ္ဍန်ကလည်ရီဖေးနဲ့ဆင်နေသည်မှာ တိုက်ဆိုင်မှုလေလား။
ပြီးတော့ ကိုယ့်ဖခင်ကိုမှတင့်တယ်ပြည့်စုံစွာချောလွန်းသည်ထင်နေခဲ့တာ ကျန်းပထွေးရဲ့ချောမောပုံကလည်း တစ်မျိုးတစ်ဘာသာထူးခြားနေသည်။

You've reached the end of published parts.

⏰ Last updated: Apr 26, 2021 ⏰

Add this story to your Library to get notified about new parts!

你是我的(မင္းကငါ့အပိုင္/မင်းကငါ့အပိုင်)Where stories live. Discover now