Chapter-28

5.4K 899 76
                                    

..

ရှင်းလန် အတော်နေရခက်နေမိသည်။
ရီဖေး ဒီကောင်က ရှင်းလန်ကို ကြိုက်နေသတဲ့။
ရီဖေးက Gay တစ်ယောက်လား။
မိမိကရော။
ရှင်းလန် မိမိကိုယ်ကိုအဖြေရှာရခက်နေမိသည်။

မှန်ရှေ့တွင်ရပ်ကာ မေးမိသည်။

ရှင်းလန် မင်း ရီဖေးနဲ့အတူရှိနေရရင်ပျော်လား
-ဒီလိုပါပဲ

တွေ့နေကျကိုမတွေ့ရရင်ရော
-အေးဆေးပါ

"တွေ့လား ကျန်းရီဖေး ငါကမင်းနဲ့ပတ်သတ်ပြီး ဘယ်လိုမှမနေဘူး''

ရှင်းလန် ဆံပင်ကိုသေသပ်စွာဖြီးလိုက်ကာ နေ့လည်စားရန်ထွက်လာလိုက်သည်။

နေ့လည်စာစားပြီး ပန်းခြံလေးထဲက ဒန်းမှာထိုင်ကာ ဓာတ်လှေကားထိပ်ကိုမျှော်နေမိသည်။

ဒီကောင်ဒီနေ့ နောက်ကျနေတာလား။
မဟုတ်ပါဘူး ဒီကောင် Eng သွားမသင်ရတော့တာတောင် ဘာလို့ မွန်းတည့်တဲ့အထိ အရိပ်အယောင်မတွေ့ရသေးတာလဲ။

ရှင်းလန် တဖြည်းဖြည်းဒေါသထွက်လာသည်။
မင်းကငါ့ကို ကစားနေတာလား ရီဖေး
ရှင်းလန် အတော်ကြာတဲ့အထိ စောင့်နေအပြီး စိတ်တိုစွာနဲ့အခန်းထဲပြန်လာခဲ့လိုက်သည်။

အခန်းတံခါးကို ဆောင့်ပိတ်ပစ်ကာ အိပ်ယာပေါ် မှောက်ချပစ်သည်။
မွေ့ယာကို တစ်ဝုန်းဝုန်းထုကာဖြင့်

"ကျန်းရီဖေး အလကားကောင် အရူးကောင်''

"တူ...တူ..''

ရှင်းလန် ဆတ်ခနဲထကာ ဖုန်းကိုကြည့်လိုက်မိသည်။
ကျန်းရီဖေးဆီက
ရှင်းလန် ချက်ချင်းကိုင်လိုက်ကာ တစ်ဖက်မှအသံကိုမစောင့်တော့ပဲ

"အရူးကောင် နှာဗူးကောင် မင်းဘာလို့အခုထိပေါ်မလာသေးတာလဲ ငါ့ကိုကစားချင်သလိုကစားပြီး ကြိတ်ပျော်နေတာလား အရိုင်းအစိုင်းကောင် @#$%!''

"အယ်...ဒါ ဒါ ထန်ရှင်းလန်ရဲ့ဖုန်းမဟုတ်ဘူးလား''

တစ်ဖက်ကအသံဟာ ရီဖေးမဟုတ်။
ရှင်းလန် ပါးစပ်ပိတ်သွားကာ ဖုန်းခေါ်တဲ့သူနာမည်ကိုတစ်ချက်ပြန်ကြည့်မိသည်။
'နှာဗူးအရူးလောင်သ'
သေချာပါတယ် ။ဒါပေမယ့် အခုအသံကဖြင့် လူကြီးတစ်ယောက်အသံမျိုး ဆေးဆေးတည်ငြိမ်ညင်သာလွန်းနေသည်။

你是我的(မင်းကငါ့အပိုင်/မင်းကငါ့အပိုင်)Where stories live. Discover now