(1)

706 21 1
                                    

တက္ကသိုလ် ကျောင်းသားများရှိသည့် အပြင်အဆောင်ဆိုပေမယ့် မိသားစု နေအိမ်ကလေးကဲ့သို့သာ
လူလည်း အရမ်းမများပေ။ အခန်း၅ခန်းသာရှိပြီး တစ်ခန်းသည် လူ၂ယောက် အတွက်သာ ဖြစ်လေသည်။
၁၀ယောက်အတိပဲ လက်ခံသည့် အဆောင်မို့ လူ အရမ်းမရှုပ်ခြင်းဖြစ်သည်။

"ကဲ ....ဘဲပေါက်လေးရေ....တက္ကသိုလ် ကျောင်းသားကြီး
ဖြစ်နေပြီလေ၊ တီတီ့ကိုလွှတ်တော့ ..ဘယ်ချိန်ထိ ဖက်ထားမှာလဲ ?"

တီတီမြသဒ္ဒါချိုက အိမ်နှင့် စစချင်းခွဲခွာရတော့မည့် တူတော် ဘဲပေါက်လေးရဲ့လက်တွေကို အတင်းခွာချ
နေရလေသည်။ အိပ်ယာခင်းတွေခင်းပြီး၊ အကုန်လုပ်ပေးပြီး ကတည်းက ဖက်ထားခြင်းဖြစ်သည်။

"ခွန်းသ.... လွှတ်ပေးလိုက်ပါ မင်းတီတီကို "

အချွဲပိုနေသည့် တူလက်ကနေ လွတ်အောင် ဦးဇေယျာမင်း
က ဝင်ပြောပေးရတော့သည်။

"ဟွန့် "

ခွန်းသနေမင်းကတော့ နောက်နေ့ကစပြီး ကပ်ချွဲရမည့်သူ
မရှိနိုင်တာ သိသည့်အတွက် အသံတစ်ချက်ပြုပြီး
တီတီ့ကို လွှတ်ပေးလိုက်သည်။

" သား နေသားကျသွားမှာပါ။ ဟုတ်ပြီလား?"

"တီတီနဲ့ ဦးဦးကို...သားက လွမ်းနေရမှာ"

"ဟုတ်ပါပြီ ဒီတစ်semပြီးရင်  ပြန်မလာရဘူးနော် !
တီတီနဲ့ဦးဦးကပဲ လာတွေ့မယ် ..သားမေမေက တီတီတို့ကိုဘာပြောထားလဲ? "

"ကျောင်းနှစ်လ ပိတ်နေတုန်း ကလောက မေမေ့ရဲ့
ဆိုင်မှာ ....လုပ်ကူရမယ် "

ရှေ့ဆံပင် ကောက်လေးတွေကို လက်နှင့်ကစားရင်း ပြောနေသည့် ခွန်းသနေမင်က နဲနဲသဘောမကျ သယောင်ဖြစ်လို့နေသည်။ လုံးဝကို ရင်းနှီးသည် မရှိသည့် သားအမိတွေ ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

* ဘယ်လောက်ကြာပြီလဲ........

"ဟုတ်ပြီခွန်းသ ငါနဲ့မင်းတီတီက မကြာမကြာ
ဆက်သွယ်ပါမယ် "

"ကျွီ"

တစ်ခန်းနှစ်ယောက်ဆိုတော့ အခန်းဖော်ကလည်း ရှိအုံးမှာဖြစ်သည်။ခွန်းသနေမင်းသည် ဖော်ဖော်ရွေရွေ နေတတ်တော့ တစိမ်းတွေနှင့် နေလည်း စိတ်မချစရာ မရှိပေ။

ခ ရဲ့ သ Where stories live. Discover now