(12)

74 5 4
                                    

"ခွန်းသ ....မင်းသူငယ်ချင်းက အခုကျောင်းမှာတွေ့တာလား?"

မနက်ခင်းဆိုင်ခင်းကျင်းနေစဉ် ဒေါ်ခွန်းနေခြည်က သားဖြစ်သူ၏ ကိစ္စရေးရာကို မမေးစဖူး မေးမြန်းလိုက်သည်။
အတော်အတန် အေးစက်နေကြသည်ကို စိတ်တော့နဲနဲကုန်လှပြီဖြစ်သည်။

စားပွဲတစ်ချို့ကိုသုတ်နေသော ခွန်းသက ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ...ကျွန်တော့်အခန်းဖော် major တော့မတူဘူး"

"သူက.. ၈တန်း ၉တန်းအရွယ်တည်းက...တစ်ယောက်တည်းနေတာ ..မရင်းနှီးပေမယ့် မျက်မှန်းတော့တန်းမိတယ်
နောက်ရက်ဆို မင်း...အခုလောက်အလုပ်မရှုပ်တော့ပါဘူး အဲ့ကျမှ မင်းသူငယ်ချင်းနဲ့အချိန်ဖြုန်းကြပေါ့
လူငယ်ဘဝမှာ ပျော်ပျော်နေ.."

"ဟုတ်ကဲ့ .."

ခွန်းသနေမင်းအလုပ်ရှုပ်နေစဉ် ညနေ၃နာရီလောက်တွင်
ဖုန်းသံမြည်လာသည်။ ဘောင်ဘီအိတ်ကပ်ထဲမှ ထုတ်ကြည့်လိုက်သည်။ ခေါ်ဆိုသူမှာ "ထိုင်းထိုင်းမှိုင်းမှိုင်းခခ"ဖြစ်သည်။ မှာယူမှုများ ရှိနေသေး၍ မကိုင်နိုင် အိတ်ကပ်ထဲသာ ပြန်ထည့်လိုက်ရသည်။

"တူ...တူ...တူ"

"အမ်.."

"ငါခုနက မအားလို့ကွာ sorryနှောင်းပိုင်ခရာ ဘာကိစ္စရှိလို့လဲ"

"ငါ...." တစ်ဖက်မှ နှောင်းပိုင်ခသည် စကားမဆက်ဘဲ ရပ်တန့်သွားလို့နေသည်။

"ဟမ်!မင်းဘာဖြစ်လို့လဲ? Arrr ....ငါသိပြီ မင်းငါ့ကိုသတိရလို့မလား? မနက်က အစောပြန်လာရတော့ မနှုတ်ဆက်ခဲ့ရဘူးကွာ ...ဆိုင်သိမ်းရင်လာခဲ့မယ်။ ခဏသည်းခံနော်" ခွန်းသနေမင်းတစ်ယောက် လိုရာဆွဲတွေးကျန်းမာရေးလုပ်၍ ပြောချင်တာသာပြောနေသည်။

"မဟုတ်ပါဘူး ငါကဒီတိုင်း....." အသံဟာတိုးသထက်ပိုတိုး သွားလေတော့သည်။

ခ ရဲ့ သ Where stories live. Discover now