(16)

61 6 2
                                    

[ငါ့ကိုခွင့်လွှတ်ပါ နှောင်းပိုင်ခရာ
ငါတကယ်...သတိလက်လွှတ်ပြောမိတာပါ 🥺🙇🙇]

[Hey !!!!!! reply ပြန်ပေးပါကွာ🥺]

[မင်းအိမ်ရှေ့မှာရောက်နေတယ်]

[ဖုန်းလည်းကိုင်ပါကွာ]

[ဆိုင်ရှေ့ကနေ ထွက်အော်တာတောင် မင်းလှည့်မကြည့်ဘူ]

[ပြေးကြည့်မှ ငါ့မှာ မင်းပဲစကားပြောစရာရှိလို့ပါ🥺]

miss call 1000+ နှင့် messagesများလည်း
ဖတ်မကုန်အောင်ပို့ထားလေသည်။

ခွန်းသနေမင်းကို တစ်ကယ်ဒေါသထွက်မိပါသည်။ ဘာလို့မှန်းသိ အတော်လေစိတ်တိုနေမိသည်။
ဆေးလိပ်ပြာခွက်ထဲသို့ ဆေးလိပ်ပြာများကို ခါချရင်း တတောင်တောင်မြည်နေသော ဖုန်းscreenကိုကြည့်နေမိလေသည်။

ဦးနေမျိုးသည် ကလောတွင် ခြံများစွားကို ပိုင်ဆိုင်ထားသောသူဖြစ်သည်။ နှောင်းပိုင်ခအမေ၏ အကိုဟု၍လည်း သူပြောသည်။ နှောင်းပိုင်ခ၏အဖေ ထွက်သွားပြီးမှ ပထမဆုံး ဆုံဖူးသော အမျိုးလဲဖြစ်သည်။ကိစ္စတွေ အကုန်မသိရပေမယ့် နှောင်းပိုင်ခပေါ် အလွန်ကောင်းသည်ဟုပဲ ဆိုရပေမည်။နှောင်းပိုင်ခ၏ အန်တီဆုံးသွားပြီး နောက်ပိုင်းတွင် လစဉ်ထောက်ပံ့ပေးလေသည်။ပင်မစီးပွားရေးကို ရန်ကုန်တွင်သာ လုပ်သူဖြစ်သဖြင့် တနှစ်နှစ်ခါ သုံးခါသာတွေ့ဖြစ်သည်။

"ခွန်းသ.....မင်းကဘယ်လိုတွေထင်ရတာလဲ? မင်းကငါ့သူငယ်ချင်း မဟုတ်ဘူးလား ?"
တစ်ယောက်တည်း ရေရွတ်နေမိတော့သည်။
...............

" နှောင်းပိုင်ခ ငါ့ကိုစိတ်ဆိုးနေတုံးလား?"

ခွန်းသနေမင်း နှောင်းပိုင်ခအိမ်ရှေ့တွင် တစ်ညနေလုံးရပ်စောင့်ခဲ့ရသည်။

"ငါမင်းနဲ့ စကားမပြောချင်ဘူး"
နှောင်းပိုင်ခ ခြံသော့ကို လှည့်ဖွင့်ရင်းသာ လှည့်မကြည့်လာပေ။

"ငါ...ငါ့ကို ခွင့်လွှတ်ပါတော့ကွာ ...တစ်ပတ်ကျော်နေပြီလေနော် ...." ခွန်းသနေမင်း အသည်းအသန် ပြေလည်ချင်နေဟန်နှင့်သာ ပြောနေလေသည်။

ခ ရဲ့ သ Kde žijí příběhy. Začni objevovat