(32)

46 4 1
                                    

" များများစားလေ"

ပြောရင်း ခွန်းသနေမင်း နှောင်းပိုင်ခ ပန်ကန်ထဲသို့ ကင်ထားသော အသားဖက်များကို ထည့်ပေးလိုက်သည်။

အပြန်တွင် ညစာစားရန် စဉ်းစားကြပြီးနောက်ဆုံး Hotpot စားဖို့ ဆုံးဖြတ်လိုက်ကြသည်။ ခွန်းသနေမင်းနှင့် နှောင်းပိုင်ခတို့သည် မကြာခဏ အပြင်တွင်စားတတ်ကြပေမယ့် တူတူHotpotစားဖူးတာ ယခုမှသာ ပထမဆုံးဖြစ်လေသည်။ ပြီးနောက် နှောင်းပိုင်ခ ငယ်ငယ်ကတည်းက Hotpot ဆိုင်တွင် မစားခဲ့ဖူးပေ။

" မင်းပဲ ကင်နေတာ ငါ့ဟာငါ ကင်လဲရပါတယ်" အစအဆုံး လုပ်ပေးနေသော ခွန်သအား ပြောလိုက်လေသည်။

"မရပါဘူး ...ရော့သုံးထပ်သား ... ဝက်အသည်းကင်လဲစား အဲ့တာအရမ်းကောင်းတယ် ...... ဟင်းရည်က မင်းအကြိုက် တုံယမ်လေ ..."

ခွန်းသနေမင်း ဟင်းရည်တစ်ခွက်ကို နှောင်းပိုင်ခဘေးတွင်ချပေးလိုက်သည်။

"ကျေးဇူး "

" ပြောင်းဖူးစား ....အဲ့တာက အီတာသက်သာတယ်"

ခွန်းသက တစ်ခါခါ မိခင်အတိုင်းပင်၊ တစ်ခါခါကျ ဖခင်အတိုင်းပင်။ တစ်ခါခါကျ ချစ်သူကောင်လေး၊ တစ်ခါခါကျ သူငယ်ချင်းကောင်းလိုပင်။

ငါ့ဘဝကြီးက မှောင်းမည်းလွန်းလို့ ကံအဆိုးဆုံးပါဆိုပြီ အရာရာကို လက်လျော့ထားခဲ့တာ ......
ဘုရားက ငါ့အတွက် လူသားတစ်ယောက်ဖန်ဆင်းပေးထားတာပဲ ......
ဒါကဘယ်လိုပြောရမလဲ ....
ဟာ့ ...."တော်ပါသေရဲ့ "ပါပေါ့ ....

" စားလေ .... ဘာလို့ကြည့်နေတာလဲ? "

" မဟုတ်ပါဘူး "

ခွန်းသနေမင်း ပြုံးစိစိနှင့်
"ဘာလဲ !! ရုံထဲက ....အသစ်အဆန်းလေးကို ပြန်တွေးမိနေတာလား?"

"ချီးပဲ "

တစ်ခါခါကျ သောက်ရမ်း အရှက်မရှိဘူး ...

" Arrr...ခဏနော် တီတီတို့ဆီကဖုန်းလာလို့ "
ပြောကာခွန်းသနေမင်း အပြင်သို့ ဖုန်း ထွက်ပြောလေသည်။

ခ ရဲ့ သ Wo Geschichten leben. Entdecke jetzt