(20)

64 7 0
                                    

နှောင်းပိုင်ခ သစ်ပင်အောက်တွင်ထိုင်ရင်း ဘီယာဗူးဖောက်နေသော ခွန်းသအားကြည့်နေသည်။

" ဘယ်အချိန်ထိ ကြည့်မို့လဲ? " ခွန်းသ မေးမိတော့သည်။

"ခုနက ငါခုန်ချတာ..မဖမ်းမိရင် ဘယ်လိုလုပ်မလဲ?"

" ငါကအားကြီးတယ်လေ မင်းမြင်တယ်မလား? ဟား..ဟား ငါက မမိစရာ အကြောင်းမှမရှိတာ "
ရယ်နေရင်းနှင့် ဘီယာဗူးအား လှမ်းပေးလာသည်။

ဘီယာသောက်ရင်း ညနေခင်းကောင်းကင်ကြီး အောက်က
အိမ်များ၊လမ်းများကို ကြည့်နေလိုက်ကြတော့သည်။
ဘီယာတစ်ဝက်ကျိုးခန့်လောက်မှ ခွန်းသဘက်မှ စကားစပြောလာသည်။

" ငါမင်းအတွက်....မွေးနေ့လက်ဆောင်ပါတယ်"

လွယ်အိတ်ကို လှမ်းယူလိုက်လေသည်။
နှောင်းပိုင်ခ ဘာမှမပြောဘဲ ကြည့်သာနေလိုက်သည်။

လက်တစ်ဖဝါးခန့်ရှိ ကတ္တီပါဗူး အရှည်တစ်ခုကို ထုတ်လိုက်သည်။ ဗူးက နည်းနည်းဟောင်းနေလေပြီ ဖြစ်သည်။

"ရော့ "

"အဲ့တာက?" နှောင်းပိုင်ခ လှမ်းယူရင်း မေးလိုက်သည်။

"ငှက်မွှေးလေးပါ။ ဒီတိုင်း ဘာမှတော့မဟုတ်ဘူး။ "

ခွန်းသနေမင်း ဘီယာကိုဆက်မော့ကာ ကြည့်လက်စကို ပြန်ကြည့်နေလိုက်သည်။

နှောင်းပိုင်ခ ဖွင့်ကြည့်လိုက်တော့ ...အဖြူရောင် ငှက်မွှေးလေးဖြစ်သည်။ အတော်ကြာနေပုံတော့ ပေါက်သည်။

"ဒါ..မင်းငယ်ငယ်က သိမ်းထားတယ် ဆိုတာလား?"

"ယူမယ်မလား? " ခွန်းသ နှောင်းပိုင်ခအား ကြည့်ရင်းမေးလိုက်လေသည်။

"အင်းလေ...ဘာငှက်လဲ ဒါက"

"ကြက်တူရွေးနဲ့ဆင်တယ် umbrella cockatoo မျိုးထင်တယ် ငါလဲသေချာမသိဘူး .. ငါ့တီတီတို့ဝယ်ပေးတာ အဲ့တုံးကငါငယ်သေးတယ် ၅နှစ် ၆နှစ် ...."

" ငါလဲငယ်ငယ်က ငှက်တွေ၊ကြောင်တွေ၊ခွေးတွေ မွေးချင်ခဲ့တာ.....ပြီးတော့ယုန်ကောပဲ"

နှောင်းပိုင်ခ ငှက်မွှေးကို မထိတထိ ထိကြည့်ရင်း ပြောလိုက်သည်။

ခ ရဲ့ သ Where stories live. Discover now