(39)

287 7 2
                                    

"ငါ.....မင်းနဲ့စကားသေချာမပြောခဲ့ဖူးဘူးနော်"

ဒေါ်ခွန်းနေခြည်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ခွန်းသက တွေးတွေးဆဆ နှင့်....

"ဟုတ်မယ်"

" နှောင်းပိုင်ခ မပါလို့လား? မင်းကြည့်ရတာ ...အာရုံမရနေသလိုပဲ....ငါ..အမေတစ်ယောက်အနေနဲ့ .... မင်းရဲ့ ၁၈နှစ်ပြည့်မွေးနေ့မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ အတူတူအချိန်ဖြုန်းလို့တော့ရတယ်မလား? "

ခွန်းသနေမင်း အမှန်တကယ် နှောင်းပိုင်ခနှင့်သာ ၂၄နာရီလုံးအပြည့် နေချင်လွန်းလှသည်။ဒေါ်ခွန်းနေခြည်က သီးသန့်စကားပြောချင်သည်ဆိုသဖြင့် စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ခဲ့ရသည်။ အမေဖြစ်သူနှင့်အတူ....

" Arrr....ရပါတယ် ...... ဒီဆိုင်က စားကောင်းတယ် စားပါအုံးဗျာ"

ခွန်းသ ဟင်းအား ဇွန်းအပြည့်ခပ်လိုက်ပြီး၊ ဒေါ်ခွန်းနေခြည်၏ ပန်းကန်ထဲသို့ထည့်ပေးလိုက်လေသည်။

" ဒါနဲ့ ... ပုံဆွဲတာဝါသနာပါတယ်မလား... မင်းတီတီကိုမေးလိုက်တာ ... "

" အပျော်တော့....တစ်ခါတစ်လေ..."

ခွန်းသ ဆိုင်အပြင်သို့ငေးမောရင်းပြောလိုက်လေသည်။

"ငါတောင်းပန်ပါတယ် ... ခွန်းသရာ "

"ဗျာ "  ခွန်းသ အဆက်အစပ်မရှိသော ထိုးစကားကြောင့်
ရုတ်တရက်ဆန်သွားလေသည်။

ဒေါ်ခွန်းနေခြည် စားသောက်စရာများကို မစားပေ။

" ငါ့ကို မင်းမုန်းနေလောက်ရောပေါ့ .... မင်းတောင်ကြီးမှာ ကျောင်းတက်ဖို့ရွေးတော့ ... ငါ့ဆီလာချင်ခဲ့တယ်လို့ထင်ခဲ့တာ .... မင်းနဲ့တအားစိမ်းတော့ ငါမင်းကို အနီးနားခဏလောက်ခေါ်ထားဖြစ်ခဲ့တာ... "

" ကျွန်တော်ကဘာလို့ မုန်းရမှာလဲ? " ခွန်းသ ဒေါ်ခွန်းနေခြည်၏ တွေဝေနေသော မျက်နှာအားကြည့်လိုက်လေသည်။

" သေတွင်းထဲကို ဆွဲခေါ်ဖို့ကြိုးစားခဲ့ရုံသာမက ...ငါမင်းကိုထားပစ်ခဲ့... ရတယ် "

ဒေါ်ခွန်းနေခြည်နှင့်မှ လာလားမတူ အသံကတိုးညင်းစွာ
နှင့် အနည်းငယ်လည်းတုန်ရီချင်နေသေးသည် ။
ခွန်းသ ဘာစကားမှမဆိုဘဲ ကြည့်သာကြည့်နေလေသည်။

ခ ရဲ့ သ Where stories live. Discover now