အပိုင်း(၁)

477 30 0
                                    

သူတို့ နှစ်ယောက် စတွေ့တော့ Shopping Mall တစ်ခုမှာ...

စသိကြတာတော့ online conversation တစ်ခုမှာ...

တကယ်တော့...

အရာအားလုံးရဲ့ အစက... ကိုယ့်ဖာသာ မေးခွန်းတည်ဆောက်ပြီး social mediaက Friends တွေကို ဝင်ဖြေစေတဲ့  game တစ်ခုမှာ သူမ... အပျင်းပြေ ဝင်ကစားလိုက်တာကနေပဲ...

သူမ တည်ဆောက်ထားတဲ့ အပျော်တမ်း Q&A တွေကို အကြောင်းသိ တွေက ဝင်ဖြေကြတယ်...

နောက် ချိတ်တိတ်တိတ် ဖြစ်ချင်နေတဲ့ လူတစ်ချို့...

အဲဒီတုန်းက on and off ဖြစ်နေသေးတဲ့ သူမ ရည်းစားတောင် ပါသေးတယ်...

အကြောင်းသိ သူငယ်ချင်းနှစ်ယောက်နဲ့ တစ်ပြေးတည်း Rating ပြေးနေတာက သူ...

Q&A သုံးခု တည်ဆောက်ထားတာမှာ တစ်ခုမှာဆို သူ 10 out of 10 မှန်ထားတာ...

သူမ အံ့သြမိတယ်...

ဘယ်လိုလုပ်ပြီး ဒီလောက် မှန်သလဲပေါ့....

Timelineထဲ ဝင်ကြည့်တော့...သူ့ပုံစံက မဆိုးပေမယ့် သူမ ကြိုက်တဲ့ Type မဟုတ်...

ဖြေပေးတဲ့အတွက် Thank you ဆိုတဲ့ သဘော စာပြန်ပို့လိုက်တယ်...

သူက ဘာမှ ပြန်မပြောဘူး...

အဲဒီ နောက်ပိုင်း သူက သူမတင်တဲ့ postတွေကို ထူးထူးခြားခြား သတိထားမိအောင် react ပေးတတ်တယ်.

ဥပမာ...

လွန်ခဲ့တဲ့ နှစ်တွေက တင်ထားတဲ့ postတွေထဲက တစ်ခုကိုရွေးပြီး တစ်နေ့လုံးမှာ တစ်ကြိမ်တည်း love react ပေးလိုက်တာမျိုး...

နောက် နှစ်ရက်လောက် ကြာရင် နောက်ထပ် postတစ်ခုကို react ပေးတာမျိုး...

တစ်ခါ react ပေးတိုင်း သူ့ wallထဲ သူမ ဝင်ကြည့်ဖြစ်တယ်...

ဒီတစ်ယောက်က ဘောရူးပဲ...ငါ့စတိုင် မဟုတ်ဘူး...

Timelineကို ဝင်ကြည့်တိုင်း သူမ တွေးမိနေကျ အတွေးပဲ...အမြဲ ခပ်ဆင်ဆင်ပဲ...

ဝင်ကြည့်မိတဲ့ အကြိမ်ရေတော့ များလာတယ်...

သူမ My Day တွေကို သူက ဝင်ကြည့်တတ်တာကို သတိထားမိတယ်...

Reactတော့ အမြဲ ပေးတတ်တာမျိုး မဟုတ်ဘူး...

သူမလည်း သူ My Day တင်တော့ သတိထားပြီး ဝင်ကြည့်မိတယ်...

များသောအားဖြင့် အရက် ပုလင်းတွေ...
နောက်...ဒယ်အိုးထဲမှာ ချက်ထားတဲ့ ဟင်းတွေ...

ကြည့်ရတာ...တစ်ယောက်တည်း နေပုံ ပေါ်တယ်လို့ သူမ တွေးတယ်...

အဲဒီတုန်းက သူနဲ့ သူမ ကြားက မပေါ်လာသေးတဲ့ connectionက အဲလောက်ပဲ...

နေ့ရက်တိုင်းမှာ...သူမရဲ့ on and off...
ရည်းစားနဲ့က အဆင်မပြေဘူး...
ငိုလိုက် ယိုလိုက် ငြင်းလိုက် ခုန်လိုက် ကြောင်ပျောက်လိုက် ပဲ...

တိမ်လို လေလိုWhere stories live. Discover now