အပိုင်း(၄)

124 13 0
                                    

သူက သူမကို မေးခွန်းတွေ မေးတယ်...

"ရုံးက ဘယ်မှာလဲ"

"ဟော့ပေါ့ ကြိုက်လား"

"သောက်တတ်လား" စသဖြင့်...

ကိုဗစ်ပြီးသွားတဲ့အခါ...တစ်ရက် တူတူ ဟော့ပေါ့စားကြ...အဲဒီကနေ ဘားကို လမ်းလျှောက်သွားပြီး အေးဆေးသောက်ကြမလား ဆိုတာမျိုး သူက Plan ဆွဲပြတယ်...

"အင်း...အဆင်ပြေတဲ့ တစ်နေ့ပေါ့"

လို့ သူမ ပြန်ပြောတယ်...

အရင်တုန်းက သူငယ်ချင်းတွေနဲ့ အဆောင်တူတူနေပြီး အခု တစ်ယောက်တည်း ခွဲနေတာ သိပ်မကြာသေးဘူးလို့ သူ ပြောပြတယ်.

သူက ဟင်းချက်ရတာ စိတ်ဝင်စားပြီး ချက်စားဖြစ်ကြောင်း...

အသားငါးတော့ မကိုင်ချင်တာမို့ အသီးအရွက်နဲ့ အသားလုံးအချို့ကို ကြော်ပြီး စားဖြစ်တဲ့အကြောင်း...

ကိုယ့်ဖာသာ စမ်းချက်ကြည့်ပေမယ့် အမြဲလိုလို အရသာက ဘာလိုလို့ လိုမှန်း မသိဖြစ်နေကြောင်း...

တစ်ခါခါ သူ ဟင်းချက်ပြီးလို့ ထမင်းစားခါနီးရင် သူမဆီ ပုံပို့ပေးတတ်တယ်...

အဲဒီတုန်းက သူမလည်း ဟင်းချက်သင်ဖို့ ကြိုးစားနေခဲ့တာ...

တစ်နေ့ တစ်နေ့...အိုးမွှေတာနဲ့ အိုးကြည့်တာ...အမွှေနဲ့ အကြည့် နှစ်မျိုးပဲ လုပ်နေရကြောင်း ပြောပြတော့ သူက ရယ်တယ်...

ချက်တတ်သွားရင် တစ်ခါလောက် ချက်ကျွေးပါလို့ သူက ပြောတယ်...

Conversation က ပို စိပ်လာတယ်...

တစ်ခါခါ ရေချိုးပြီးလို့ စိတ်ကူးပေါက်ရင်လည်း သူက ပုံပို့ပေးတတ်တယ်...

Mirror selfieအများစု ဖြစ်တဲ့ သူ့ပုံတွေမှာ များသောအားဖြင့် ပေါင်အထိ မြင်နေရတဲ့ ဘောင်းဘီတိုနဲ့...

ဘာလို့ ဒီလိုပုံ ပို့တာလဲဟ လို့ သူမ လန့်မိသေးတယ်...

နောက်တော့ အသားကျသွားတယ်...

ဒီဘဲက ဒီလိုပဲ နေတယ်...အမြဲ ဘောင်းဘီတိုနဲ့...

On and off ဘဲနဲ့ ပြတ်ပြီလို့ ယူဆထားလိုက်တယ်...သူမနဲ့ ညှိမရဘူး...

ပြောထားတဲ့ စကားတွေက လွန်သွားကြပြီ...

ရင်ကြားစေ့ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ စေ့မရဘူး...

ရှေ့ဆက်ဖို့ဆို ဒီမိန်းကလေးနဲ့ ပက်သက်နေရင် မဖြစ်ဘူးလို့ သူမ တူးတူးခါးခါး ငြင်းထားပေမယ့် on and off ဘဲက....မိတ်ဆွေကောင်း ဘော်ဒါ
အကန့်မို့ ဝင်မစွက်နဲ့လို့ တစ်ချက်လွှတ်ပြောပြီး ဆက် ပက်သက်တယ်...

"အိုကေလေ...စိန်ခေါ်ရင် ဘွာမခတ်ကြေး"

သူမ ပြောလိုက်တယ်...

တိမ်လို လေလိုWhere stories live. Discover now