အပိုင်း(၇)

112 14 1
                                    

Exchange Counterတွေက ပိတ်တာ များနေတယ်...

လမ်းတစ်နေရာ ရောက်တော့ သူ သူငယ်ချင်းကို ဖုန်းဆက်ပြီး Kpayနဲ့ တစ်ချက် လုပ်ကြည့်မယ် ဆိုပြီး ကားပေါ်က ဆင်းသွားတယ်...

မိန်းကလေးတစ်ယောက်နဲ့ First Dateမှာ ပိုက်ဆံ ထုတ်ဖို့ ပြင်ဆင်မလာတာတော့ ပေါ့ဆ တာပေါ့

သူမ တွေးတယ်...

သူ့မှာ သူမကို ငှားဖို့ စာအုပ်နှစ်အုပ် ပါလာတယ်...

ပန်းဒေါင်း ဆိုတဲ့ စာအုပ်နဲ့ မင်းလူရဲ့ သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဆိုတဲ့ စာအုပ်...

စာအုပ်ချည်းသက်သက် သယ်လာတာမို့ အခုတော့ သူက သူမရဲ့ Wallet ထည့်လာတဲ့ shopping bag ထဲမှာ ပေါင်းထည့်ပြီး သူကပဲ ကားပေါ်ရောက်တဲ့အထိ ကိုင်လာတယ်...

မလာသေးဘူးလား..

သူမ တစ်ချက် ကားပေါ်ကနေ လှမ်းကြည့်တယ်...

တကယ်တော့ ဘယ်ကို သွားလိုက်မှန်း သူမ မသိဘူး...

သူ့ရှပ်အကျီရဲ့ ပုခုံးနောက်ဘက်နားမှာ ပေါက်ရာသေးသေးလေး နှစ်ခုလောက်ကို သူမ သတိထားမိတယ်...

နောက် အကျီက ပြန့်နေအောင် မီးပူတိုက်ထားတာမျိုး မဟုတ်ဘူး...

ကားတံခါးဖွင့်ပြီး သူ ဝင်လာတယ်...

အိုကေခဲ့ပြီ...တဲ့...

ကော်ဖီဆိုင်လေးက လူရှင်းလှတယ်...တစ်ဆိုင်လုံးမှာမှ ဝင်သွားတဲ့ သူတို့ နှစ်ယောက်တည်းပဲ...

ဆိုင်ထဲမှာတော့ ပိုင်ရှင်လို့ ယူဆရတဲ့သူနဲ့ ဆိုင်ဝန်ထမ်း နှစ်ယောက်လောက် ရှိနေတယ်...

စားပွဲတွေက တစ်မျိုးနဲ့ တစ်မျိုး မတူဘူး...

မျက်နှာချင်းဆိုင် ခပ်နိမ့်နိမ့်စားပွဲနဲ့ ခပ်နိမ့်နိမ့် ကုလားထိုင်...
ဘေးတိုက်ရင်းရင်းနှီးနှီး တူတူထိုင်နိုင်တဲ့ နှစ်ယောက်ထိုင် ဆိုဖာ...
လေးငါးယောက် တူတူထိုင်နိုင်တဲ့..ခုံမြင့်...စားပွဲမြင့်မြင့် စသဖြင့် ကွဲပြားနေတယ်...

သူက သူမကို ရွေးချယ်ခိုင်းတယ်...

သူမကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေတယ်

တိမ်လို လေလိုWhere stories live. Discover now