အပိုင်း(၅)

114 13 0
                                    

သူ့ဝါသနာက သူမ သိရသလောက် စာဖတ်တာနဲ့ ဘောလုံးကန်တာ...

သူ့ Timelineမှာ ဝင်ကြည့်ရင် စာအုပ်အကြောင်း...ဘောလုံးအကြောင်း...သူ့အလုပ်အကြောင်း...နောက် မင်းသမီးတစ်ယောက်ရဲ့ ပုံတွေ... စသဖြင့်...ထပ်ခါတလဲ ဒါတွေပဲ...

မေးခွန်းတစ်ခု မေးတယ်...

"အမိ တက်တူးထိုးတာကို ဘယ်လိုမြင်လဲ"

အကြောင်းရှိလို့ မေးတာမှန်း သူမ သိတယ်...

သူ့  Timelineမှာ တင်ထားတဲ့ ပုံတွေအရ...သူ့ ညာဘက်ခြေသလုံး ပတ်ပတ်လည်မှာ Tattoo ကြီးကြီးမားမား တစ်ခု ရှိတယ်...ဘောလုံးနဲ့ ပက်သက်တဲ့ပုံပဲ...

သေချာတော့ မသဲကွဲဘူး...

"မကောင်းတဲ့ အမြင် မရှိပါဘူး" လို့ သူမ ဖြေတယ်...

သူမမှာလည်း တစ်နေ့ ထိုးဖို့ အစီအစဥ်ရှိတယ်...

"နောက်ထပ် Tattoo ရှိသေးတယ်...ဗိုက်မှာ"

ညာဘက်ဝမ်းဗိုက်မှာ...ခပ်ရှုပ်ရှုပ် တက်တူးတစ်ခုပဲ...သူက ပုံပို့ပေးတယ်...

ကျီးကန်းတစ်ကောင်ရဲ့ အောက်မှာ အမွမွကြေနေတဲ့ အပိုင်းအစတွေ ရှိတယ်...သူမ သိပ်နားမလည်ဘူး...

Game of thrones ထဲက symbol တစ်ခုပဲ...
သူ ရှင်းပြတယ်...

All men must die! တဲ့...

စိတ်ဝင်စားဖို့ ကောင်းသားပဲ...

"သောကြာနေ့ အပြင်သွားမလားလို့...Shopping mallကို"

"ဟုတ်လား...ဘယ်သူနဲ့ သွားမှာလဲ"

"မသိသေးဘူး..."

"အဲဒီနေ့... အစ်ကိုလည်း အားတယ်...ကော်ဖီ တိုက်မယ်လေ"

"အင်း...ကော်ဖီဆိုင်တွေ...ခုချိန် ဖွင့်လို့လား..."

"စုံစမ်း လိုက်မယ်...ခန"

"အိုကေ..."

သူနဲ့ သူမ... နိုဝင်ဘာ ၂၇ရက်... သောကြာနေ့မှာ တွေ့ဖို့ ချိန်းဆိုလိုက်ကြတယ်...

တိမ်လို လေလိုWhere stories live. Discover now