အပိုင်း(၂)

241 14 0
                                    

သူမ ဟင်းမချက်တတ်တာမို့ အိမ်နဲ့ ကီးမကိုက်တဲ့အကြောင်း ရေးထားတဲ့ My Day ကို သူက HaHa ပေးသွားတယ်...

တကယ် စပြီး စကားလာပြောတာက နေရာတစ်ခုကြောင့်...

သူမ သဘောကျလွန်းလို့ မကြာခန တင်လေ့ရှိတဲ့ နေရာတစ်ခု...

တောင်တန်းတွေဘေးက နေရောင်ဖြာကျနေတဲ့လမ်းမှာ ဆိုင်ကယ်တစ်စီး နောက်ကျောပေးသွားနေတဲ့ပုံ...

သူမ My Dayမှာ တင်ထားခဲ့သလို သူ့My Dayမှာလည်း တင်ထားတာကို တွေ့တယ်...

တိုက်တိုက်ဆိုင်ဆိုင်...

သူမ အဲဒီ My Dayကို ပထမဆုံး Love reactပေးခဲ့တယ်...

နောက်တစ်နေ့ အဲဒီနေရာက camp တစ်ခုရဲ့ viewကို သူမ My Day တင်ထားတယ်...

အဲဒီမှာ သူ့ဆီက ပထမဆုံး msg တစ်ခု ဝင်လာခဲ့တာပဲ...

"အဲဒါ ဘယ်နေရာလဲ? "

သူမ နေရာကို ပြောပြတယ်...

Conversationက နည်းနည်းတော့ ဆက်သွားသေးတယ်...

အဲဒီကို သွားရတာ သူမ ဘယ်လောက်ကြိုက်တဲ့ အကြောင်း...

သူကတော့ အဲဒီကိုအလုပ်နဲ့ ခနပဲ သွားဖူးတဲ့အကြောင်း...သူ့အလုပ်က ဘယ်လိုမျိုး...စသဖြင့် ပြောကြတယ်...

ထူးထူးခြားခြား သိပ်မရှိခဲ့...

On and off ရည်းစားက အပြောနဲ့ အလုပ် တစ်ခြားစီ ဖြစ်နေတာကို တွေ့ရတယ်...

ရှေ့မှာ သူမ ဘက်က Foul ခဲ့တဲ့ အမှားတွေကြောင့် ကိစ္စ တော်တော်များများ သည်းခံနေရတဲ့ အချိန်ပဲ...တစ်ချို့အမှားတွေက ပြင်ဆင်လို့လည်း မရတော့...

တစ်ယောက်မျက်နှာကို တစ်ယောက် စကားလုံးတွေနဲ့ ထွေးထုတ် ပစ်ပေါက် နေကြရင်း တိုင်ပတ်နေတယ်...

Conversationတွေက မျှော်နေသူ သက်သက်...
လာပြောသူ သက်သက်...

သူမ ပြန်ပြောရမှာ စိတ်သိပ်မပါဘူး...

တိမ်လို လေလိုWhere stories live. Discover now