အပိုင်း(၈)

206 13 1
                                    

တကယ်တော့ နှစ်ယောက်တွေ့တဲ့အခါ ပြောမယ့် Topicကို သူက စဥ်းစားလာပြီးသား...

တစ်နေ့​က ကသာ ခရီးစဥ်အကြောင်းကို ဆက်ပြောမယ်လို့ ပြောပြီး စကားဆက်တော့တယ်...

အဲဒီခရီးကို သူရယ်...သူ့ အချစ်ဆုံး သူငယ်ချင်းရယ် နှစ်ယောက် တူတူသွားခဲ့တာ...

သွားတဲ့နေရာက အစွန်အဖျားကျလွန်းလို့ လိုင်းမမိတဲ့ အကြောင်း...

သူတို့က ရွာက ကျောင်းထိုင် ဘုန်းကြီးကားနဲ့ လိုက်သွားခဲ့တာ ဖြစ်ပြီး ဘုန်းကြီးကျောင်းမှာပဲ တည်းခဲ့တဲ့အကြောင်း...

ဘုန်းဘုန်းက မြို့သား ဒကာတွေက အရောက်အပေါက်နည်းတဲ့ သူတို့ရွာကို စိတ်ဝင်တစား တကယ် လိုက်လာလို့ ဝမ်းသာနေကြောင်း...

သိမ်းထားတဲ့ Laptopကို ထုတ်လာပြီး ကျောင်းနဲ့ ပက်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကို သူတို့ကို ပြပြီး ပြောနေလိုက်တာ...ဘက်ထရီ အားကုန်မှ နားလိုက်တဲ့အကြောင်း...

ဘုန်းကြီးကျောင်းက အကြီးကြီး ဖြစ်ပြီး..တစ်ရွာလုံးက...ကလေးတွေက သုံးနှစ်သုံးမိုး ကိုရင်ဝတ်ပြီး ပညာသင်ယူကြောင်း...

ကျောင်းလည်း ပြီးရော ညီကိုရင်းချာတွေလို ဖြစ်သွားကြကြောင်း...

သူ ပြောပြတယ်...ပြောနေရင်း ဖုန်းထုတ်ပြပြီး ပုံနဲ့တကွ ဒါကတော့ ဘယ်နေရာမှာ...ဘယ်လို ဆိုတာမျိုး ပြောပြတယ်...

ကိုရင်လေးတွေက သူ့ခြေထောက်က အရုပ်ကို သဘောကျနေကြတာမို့ သူ့သူငယ်ချင်းရဲ့ ကျောမှာ အရုပ်အကြီးကြီး ရှိတယ် ဆိုပြီး ချွန်လိုက်တာ...

ကိုရင်တွေက သူ့သူငယ်ချင်းရဲ့ အကျီကို ဝိုင်းလှန်ကြည့်ကြရောတဲ့...ပုံနဲ့တကွ...သူက ပြတယ်...

သူ ရောက်ခဲ့တဲ့ နေရာကလည်း တကယ် ထူးထူးဆန်းဆန်း...

သူမ စာအုပ်တွေမှာသာ ဖတ်ဖူးတဲ့ နေရာမျိုးပဲ...

မိုးလေး ဖြောက်တောက် ဖြောက်တောက်...ချော်နေတဲ့ ရွှံ့မြေလမ်းပေါ်မှာ ဆိုင်ကယ်တစ်စီး နောက်ကနေ သူက လိုက်ပြီး လမ်းတစ်လျှောက် ဗီဒီယို ရိုက်ထားတာမျိုးလည်း ပြတယ်...

ညဘက်ကျရင်တော့ ရွာသားတွေနဲ့ တူတူ ချက်အရက်..တောအရက်လိုမျိုးကို ဝိုင်းဖွဲ့ပြီး သောက်ကြကြောင်း...

ပြန်ခါနီးတော့ ဘုန်းဘုန်းကို အလှူငွေနဲ့တကွ ကန်တော့ပြီး နှစ်ယောက်သား ပြန်ခဲ့ကြကြောင်း...

ရန်ကုန်အပြန် ပိုက်ဆံမရှိတော့လို့ သူငယ်ချင်းဆီက Kpayနဲ့ လှမ်းချေးရသေးကြောင်း...

ရေကြောင်းခရီးကို ရွေးခဲ့ပြီး...သင်တန်းရှိတာမို့ ရေလယ်မှာ အွန်လိုင်းကနေ သင်တန်းတက်ရသေးကြောင်း.. နောက်...
မတက်ချင်တော့တာနဲ့ တီချယ်ကို လိုင်းမကောင်းတာ အကြောင်းပြပြီး out လိုက်ကြောင်း...စသဖြင့်...

သူ အများကြီး ပြောတယ်...

သူမ ရယ်ရလွန်းလို့ ပါးတွေတောင် ညောင်းလာတယ်...

ဒေါင်ကျကျ ပြားကျကျ စိတ်ကူးတည့်ရာ လုပ်ရင်း ပျော်နေတတ်တဲ့ သူမျိုးပဲ...

သူမ တွေးတယ်...

Baked potatoကို စားကြည့်တော့ သူမ သိပ်မကြိုက်လှဘူး...ဒါပေမယ့် စားလို့တော့ ဖြစ်တယ်

စကားတွေ အများကြီး ပြောနေပြီး မုန့်စားဖို့ မေ့နေပုံ ပေါ်တဲ့ သူ့ကို သူမ ခွံ့ကျွေးလိုက်တယ်...

တကယ်တော့ အများကြီး ပိုနေရော...

နှစ်ယောက်လုံးက အအေးကိုပဲ ကုန်အောင် သောက်​ဖြစ်ကြတယ်...

ဒီမှာ ထိုင်ရတာ တစ်နာရီခွဲ နီးပါးရှိပြီ...သူမ ပျင်းလာပြီ...

"ဒါပြီးရင် ဘယ်သွားမလဲ"

"အမိ ဘယ်သွားချင်လဲ...သွားလေ"

"အစ်ကို...တစ်နေ့က Grocery shopping ထွက်ရဦးမယ် ပြောတယ်မလား...လိုက်ခဲ့ပေးမယ်လေ"

"အိုကေ...သွားမယ်လေ"

သူတို့ ပိုက်ဆံရှင်းလိုက်ကြတယ်...

You've reached the end of published parts.

⏰ Last updated: Mar 06, 2022 ⏰

Add this story to your Library to get notified about new parts!

တိမ်လို လေလိုWhere stories live. Discover now