Chapter(14)

11.4K 2K 51
                                    

Unicode

Chapter(14)

အဲ့ဒီလျို့ဝှက်တိုက်ခိုက်မှုကဒီလောက်မြန်မြန်ဖြေရှင်းလို့ပြီးသွားမယ်လို့ဘယ်သူမှမထင်ထားခဲ့မိပေ။ထပ်ပေါင်းပြောရရင်သူတို့ကအဲ့ဒါလူမိုက်တွေပြဿနာရှာတာလို့ပဲထင်ထားခဲ့ပေမယ့်အဆုံးမှာတော့တိုက်ခိုက်ရေးကျောင်းကကျောင်းသားတွေပါ,ပါဝင်ပတ်သတ်နေသည်လေ။

ရိကျားမူကိုအဲ့ဒီနေ့ကတိုက်ခိုက်လိုက်တဲ့စီနီယာကျောင်းသားကလေ့ကောက်ချောင်ဟုခေါ်သည်။သူကတိုက်ခိုက်ရေးကျောင်းတတိယအတန်းအခန်း(၇)ကဖြစ်၏။သူ့ကိုစွမ်းရည်နယ်ပယ်မှာဝင်ရောက်နိုင်ခွင့်အားတစ်သက်တာပိတ်ပင်လိုက်ပြီးကျောင်းကပါတစ်ခါတည်းထုတ်ပယ်လိုက်သည်။

လူမိုက်များကိုတော့ထိုနယ်မြေကရဲစခန်းသို့သာတိုက်ရိုက်လွှဲပြောင်းပေးခဲ့၏။ဥပဒေရေးရာစနစ်ရဲ့အလွန်ပြည့်စုံသောလက်ရှိလူမှုရေးနယ်ပယ်ကြောင့်သူတို့တွေသုံးနှစ်ကနေငါးနှစ်အတွင်းအပြစ်ဒဏ်ကျလိမ့်မည်ဟုခန့်မှန်းလို့ရသည်။

ထိုကဲ့သို့ဒေါသကိုသီးခြားဖြေရှင်းတဲ့လုပ်ရပ်ကြောင့်တိုက်ခိုက်ရေးကျောင်းကနောက်တစ်ကြိမ်ပါဝင်ပတ်သတ်သွားခဲ့ရသည်။အများပြည်သူရဲ့ထင်မြင်ချက်ဖိအားပေးမှုအောက်မှာကောလိပ်ရဲ့ခေါင်းဆောင်များနဲ့ကျောင်းသားကောင်စီတို့ကတိုက်ခိုက်ခံရတဲ့အတန်းဖော်များအားလုံးကိုဝမ်းနည်းကြောင်းစာလွှာများပေးပို့၍သူတို့ရဲ့စိတ်မကောင်းဖြစ်မှုကိုပြောဆိုကြရပြီးကိုယ်စားလှယ်များစေလွှတ်ကာကျောင်းတွင်းမှာနက်နက်ရှိုင်းရှိုင်းစုံစမ်းစစ်ဆေးမှုပြုလုပ်ကြရသည်။

တကယ်တော့လည်းတိုက်ခိုက်ရေးကျောင်းကကျောင်းသားများကတိုက်ခိုက်ရေးအမျိုးအစားစွမ်းရည်ပါကြတာကြောင့်မကြာခဏအဲ့ဒီလိုဖြစ်ရပ်တွေထဲမှာပါဝင်ပတ်သတ်ကြသည်။နှစ်စဉ်နှစ်တိုင်းသူတို့တွေပြဿနာတစ်ချို့တော့ရှာကြတာချည်းပင်။ဤအဖြစ်အပျက်ဖြစ်ပြီးနောက်မှာတော့ကျောင်းကအခွင့်ကောင်းယူပြီးသူတို့ကိုသင်ခန်းစာပေးနိုင်ဖို့မျှော်လင့်မိကြသည်။

(Completed)ဒီအိုမီဂါကစွမ်းရည်အားလုံးကိုခံနိုင်ရည်ရှိတယ်Where stories live. Discover now