Chapter(96)

6.6K 1.5K 46
                                    

Unicode

Chapter(96)

မာယန်က ကုယဲ့ရှုန်းကို အချိန်အတော်လေး ကြာအောင် ကြည့်နေရာမှ သူ့မျက်ခုံးများက ရုတ်တရက် ပြေလျော့ကာ နူးညံ့သွားသည်။ ၎င်းသည် မိဘက သူတို့ရဲ့ ကလေးတွေ အရွယ်ရောက်လာတဲ့အပေါ် စိတ်သက်သာရာ ရသွားတဲ့ ပုံစံမျိုးပင်။

"အားရှုန်း, မင်းတကယ်ကို အရွယ်ရောက်လာပြီပဲ"

ထိုရိုးရှင်းတဲ့ စကားလုံးများက နားထဲ တိုးဝင်လာတဲ့ အချိန်မှာတော့ ကုယဲ့ရှုန်း၏ ခန္တာကိုယ်က တုန်ယင်သွားရသည်။

မာယန်က သူတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးတစ်ခု မရှိတော့ဘူးဆိုတာကို သတိပြုမိပုံမပေါ်ပေ။ သူ့လေသံက အတိတ်တုန်းက သူတို့နှစ်ယောက် အကြာကြီးစကားပြောခဲ့တုန်းကလိုသာ ဖြစ်နေသည်။

"ရိကျားမူဆိုတဲ့ ကလေးကို ပထမဆုံးတွေ့တဲ့ အချိန်မှာ သူ့တည်ရှိမှုက ငါ့အစီအစဉ်တွေ အားလုံးမှာ အပြောင်းအလဲ ဖြစ်သွားနိုင်တယ် ဆိုတာကို သဘောပေါက်ခဲ့တယ်, သိသာပါတယ်, ငါ့ပင်ကိုယ်သိစိတ်က မမှားခဲ့ဘူး, အစီအစဉ်ထဲမှာ ရှိနေတဲ့ အတားအဆီးတွေအားလုံးက သူနဲ့မခွဲခြားနိုင်သလိုပဲ"

သူက ခပ်တိုးတိုး ရယ်သည်။

"ဒါမှမဟုတ်, ဒါက ဘုရားသခင်ရဲ့ ကံကြမ္မာများလား? သူ့ကိုမင်းဘဝထဲမှာ ပေါ်လာစေဖို့အတွက် ကံကြမ္မာ ဖန်တီးလိုက်ပြီး သူ့ကိုမတူညီတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်အောင်လုပ်ပေးဖို့ ရည်ရွယ်ခဲ့တာ"

ကုယဲ့ရှုန်းက မျက်လွှာချလိုက်ပြီး စကားမပြန်ပေ။

မာယန်က လုံးဝကို သက်တောင့်သက်သာ ဖြစ်သွားဟန်တူသည်။ သူကရှေ့ကို နှစ်လှမ်းမျှတိုးလိုက်ပြီး သူတို့ကြားထဲက ကွာဝေးမှုကို နီးကပ်စေ၏။

"သူပေါ်လာပြီးကတည်းက, ကိစ္စတော်တော်များများ ထိန်းချုပ်လို့မရဘူးလို့ ငါရှင်းရှင်းလင်းလင်း ခံစားခဲ့ရတယ်, အဲ့ဒါကြောင့်လည်း ငါ့အစီအစဉ်ကို ရှေ့တိုးပြီး စတင်ဖို့ မစောင့်နိုင်တော့တာ, ဒါပေမဲ့, ငါက အရမ်းစိတ်လောနေသေးတယ်နဲ့ တူပါတယ်"

(Completed)ဒီအိုမီဂါကစွမ်းရည်အားလုံးကိုခံနိုင်ရည်ရှိတယ်Where stories live. Discover now