Chapter(45)

8K 1.6K 66
                                    

Unicode

Chapter(45)

ကုယဲ့ရှုန်းသည်သဘာဝကျကျပင်ရိကျားမူရဲ့ခေါင်းသေးသေးလေးထဲမှာဘာတွေစဉ်းစားနေမှန်းမသိပေ။ကလေးပေါက်ရဲ့အတော်လေးငေးကြောင်ကြောင်ဖြစ်နေတဲ့အမူအယာကိုကြည့်ပြီးမနေနိုင်စွာပြန်တွေးကြည့်မိသည်။

သူ့ရဲ့ထကြွလွယ်တဲ့ဝန်ခံချက်က အရမ်းများရုတ်တရက်ဆန်သွားသလား

"ကိုယ်သရဲအိမ်ထဲမှာပြောခဲ့သလိုပဲ...ကိုယ်မင်းကိုသဘောကျတယ်ပြီးတော့မင်းကကိုယ့်ရဲ့ချစ်သူတစ်ယောက်ဖြစ်လာဖို့မျှော်လင့်တယ်"

ကုယဲ့ရှုန်းကကလေးငယ်ရဲ့လက်ခံမှုကိုပြန်စဉ်းစားလိုက်ပြီးသူ့အသံကအတော်လေးနူးညံ့သွားသည်။ထို့နောက်သူကရိကျားမူကိုစိတ်ရှည်လက်ရှည်နဲ့စနစ်တကျလမ်းပြပေးရန်ဆုံးဖြတ်လိုက်သည်။

"ဒါကကိုယ့်ရဲ့တစ်ဖက်သက်အတွေးဆိုတာ ကိုယ်သိပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စကိုမင်းအရင်တုန်းကမစဉ်းစားခဲ့ဘူးဆိုရင်တောင်အခုချိန်ကစပြီးလေးလေးနက်နက်လေးစဉ်းစားပေးဖို့ကိုယ်မျှော်လင့်ပါတယ်"

ရိကျားမူကအချိန်အတော်ကြာသည်အထိအေးခဲနေပြီးမှနောက်ဆုံးမှာသူ့ပါးစပ်ကိုဖြေးညှင်းစွာဖွင့်လာသည်။

"ဒါပေမဲ့,အဲ့ဒါကိုဘယ်လိုလေးလေးနက်နက်စဉ်းစားရမလဲဆိုတာကျွန်တော်မသိဘူး..."

ချုံရှင်းကျောင်းရဲ့ဖိုရမ်ပေါ်က fan area ကိုစတင်လေ့လာခဲ့ကတည်းက သူအမြဲတမ်း ရှုံးကျော CP ဆိုတဲ့စကားလုံးကိုပဲ လိုက်ရှာခဲ့တာ...သူ့ CP က BE ပဲဖြစ်ဖြစ် HE ပဲဖြစ်ဖြစ်သူဘယ်တုန်းကမှ ကုယဲ့ရှုန်းကသူ့ကိုကြိုက်လိမ့်မယ်လို့ မတွေးခဲ့မိဘူး။ဖြစ်နိုင်ခြေရှိတယ်လို့ သူ့ကိုပြောရင်တောင်မှသူ့အတွေးတွေ ပြောင်းဖို့ဆိုတာကမလွယ်ကူဘူး။

ပထမဦးဆုံးအနေနဲ့သူစိတ်လှုပ်ရှားနေတယ်...စိတ်လှုပ်ရှားမှုရဲ့ဘေးမှာအဓိပ္ပါယ်ဖော်လို့မရတဲ့ခံစားချက်ရှိနေတယ်

အဲ့ဒါကသူဘယ်တုန်းကမှမခံစားခဲ့ဘူးတဲ့ ပရမ်းပတာခံစားချက်တွေ..ဒါပေမဲ့,ငြင်းပယ်မှုလည်းသိပ်မရှိနေသလိုပဲ

(Completed)ဒီအိုမီဂါကစွမ်းရည်အားလုံးကိုခံနိုင်ရည်ရှိတယ်Where stories live. Discover now