9.4 Nangong Ou (Unicode)

911 99 0
                                    

ဝမ့်ချီကျွင့် ( Wanqi Jun) က တစ်နေ့လုံး ပျော်ရွှင်စွာ လည်ပတ်ပြီး သူ့ရဲ့ စက္ကူလှေပေါ်မှာ တစ်ယောက်ကို တစ်ယောက် မှီကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ကို ကြည့်နေတယ် ပထမတော့ ဝမ့်ချီကျွင့် (Wanqi Jun) ဟာ နန့်ကုန်း ( Nangong Ou )အပေါ်မှီအိပ်နေတဲ့ လီယောင်ယောင် (Li Yao Yao) အပေါ် ဒေါသထွက်နေမိတယ် နောက်တော့ သူဟာ ဒီတိုင်းနေပါစေဆိုပြီး သက်ပြင်းချလိုက်တယ် ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့ချစ်သူကို ဘယ်သူ့လက်ထဲမှ အပါမခံဘဲ ပြန်ရအောင်လုယူဖို့ ဆုံးဖြတ်ထားတယ်

ဝမ့်ချီကျွင့် (Wanqi Jun) က ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက်ဆီသို့ လီယောင်ယောင် (Li Yao Yao ) ကို ပေးလိုက်တယ် သူကတော့ သူကိုယ်တိုင် နန့်ကုန်း (Nangong Ou) ကို သယ်သွားလိုက်တယ် တစ်ဘက်မှာတော့ ​ထောင်ရှီးဟောင် (Tang Zi Hao) နဲ့ သူ့ရဲ့ လက်ပါးစေတွေက ဝမ့်ချီကျွင့် (Wanqi Jun) ရဲ့ ကလေးနှစ်ယောက်အပေါ် ထားရှိတဲ့ နှစ်သက်မှု အလေးပေးမှု တွေကို မနာလိုဖြစ်နေတယ်

သူတို့က ဘာလို့ ကလေးတွေလောက် ချစ်စရာမကောင်းရတာလဲ သူတို့မှာ ဘာလို့ ပင်ကိုစွမ်းဆောင်ရည် ပါရမီ မရှိရတာလဲ သူတို့က ပူဆွေးသောကရောက်စွာ သူတို့ရဲ့ အဝတ်တွေကို တင်းတင်းစုပ်ကိုင်ထားရင်း ငိုနေကြတယ်

" ရှီဖူး ? " ဝမ့်ချီကျွင့် (Wanqi Jun) က နန့်ကုန်း (Nangong Ou) ကို အိပ်ရာပေါ် ချပေးနေစဉ် နန့်ကုန်း (Nangong Ou) က ခေါ်လိုက်တယ်

" အမ် "

" ရှီဖူးကကျ ဘယ်မှာ သွားအိပ်မှာလဲ " နန့်ကုန်း (Nangong Ou) က သူ့မျက်လုံးတွေကို ချစ်စဖွယ်ကောင်းအောင် ပွတ်သပ်နေရင်း မေးလိုက်တယ် " အိပ်တော့နော် " ဝမ့်ချီကျွင့် (Wanqi Jun) က နန့်ကုန်း (Nangong Ou) ခေါင်းကို ပွတ်သပ်ပေးရင်း အိပ်ပျော်အောင် ချော့သိပ်နေတယ်

နန့်ကုန်း (Nangong Ou) က သူ့ဝတ်ရုံကို ဆွဲကိုင်ရင်း မေးလိုက်တယ် " ဒါဆို ရှီဖူး ဒီမှာ အိပ်မှာလား "

" အိပ်တော့..... " ဝမ့်ချီကျွင့် (Wanqi Jun) က ချော့သိပ်ရင်း ဆံနွယ်တွေကို ပွတ်သပ်ပေးနေတယ် " ဒါပေမဲ့ ရှီဖူး.... " နန့်ကုန်း (Nangong Ou) က သူ့ကို ချစ်စဖွယ် မျက်လုံးတွေနဲ့ ကြည့်နေတယ် ' ငါ မလုပ်သင့်ဘူး !!! '

System: Xiao Bo ZiDonde viven las historias. Descúbrelo ahora