10.1 Ma Bai Yu (Unicode)

744 66 4
                                    

အမည် : ရှောင်းကျွင့် (Xiao Jun)

အဆင့် : 3

နောက်တစ်ဆင့်ကို တက်ရောက်ရန် လိုအပ်သော အတွေ့အကြုံအမှတ် : 1350/2500

သိုလှောင်ရုံ : တစ်ခါသာသောက်လို့ရနိုင်မဲ့ သန့်စင်သော ရေပုလင်းတစ်ခု

အမှတ် : 680

ချောမောလှပစေတဲ့ Standy motin #53 အပြည့်အဝလုပ်ဆောင်နေပါတယ်

[ Host ​ကျေးဇူးပြုပြီး ရွေးချယ်ပါ စီးပွားရေးကမ္ဘာ (business world) ကို သွားမလား ကမ္ဘာပျက်ကိန်းရှိတဲ့ ကမ္ဘာ ( apocalypse world) ကို သွားမလား ]

' ကမ္ဘာပျက်ကိန်းရှိတဲ့ ကမ္ဘာ (apocalypse) ကိုသွားမယ် ' ရှောင်းကျွင့်က တုန့်ဆိုင်းမနေဘဲ ပြောလိုက်တယ်

[ ကမ္ဘာကူးပြောင်းခြင်း စတင်နေပါပြီ ..... 80% .....100% ]

------------

ယုံကျွင်း ( You Jun ). သူ့နာမည်က ယုံကျွင်း သူက ဒီဇာတ်ကြောင်းမှာ လက်ရှိ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်လေး ဇွန်ဘီး (zombie) ဖြစ်နေပြီ

ရှောင်းကျွင့် ဒီကမ္ဘာကို ရောက်တဲ့အချိန်မှာ ဇာတ်ကြောင်းက စတင်နေပြီဖြစ်တယ် အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်တယ် ပြီးတော့ ဒုတိယ အမျိုးသားဇာတ်လိုက်ကလည်း အမျိုးသမီးဇာတ်လိုက်အပေါ် ထင်မြင်ချက်ကောင်းရှိတယ် ယုံကျွင်းက နောက်ဆုံး အင်အားကြီးမားတဲ့ ဇွန်ဘီး ဖြစ်လာပြီး မကြာခင်မှာ အမျိုးသားဇာတ်လိုက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရရင်း အဆုံးသတ်သွားတယ်

အရင်ယုံကျွင်းက သူ့ကို စွန့်ပစ်ဖို့ ဝန်မလေးတဲ့ သူ့မိဘအရင်းတွေ ရှေ့မှာ ဇွန်ဘီးကိုက်တာကို ရက်ရက်စက်စက် ခံလိုက်ရတယ် သူ့မိဘတွေကတော့ သူ့ကို လှည့်မကြည့်ဘဲ ထားသွားကြတယ်

အဆင့်လေးရှိတဲ့ ဇွန်ဘီး ဖြစ်တဲ့အတွက် ယုံးကျွင့်က ပုပ်ပွနေတဲ့ အသားအရေနဲ့ အနံ့ဆိုးတွေရှိတဲ့ သာမန် အဆင့် သုည ဇွန်ဘီးတွေလို မဟုတ်ဘဲ လူတစ်ယောက်နဲ့တူတဲ့ အသွင်အပြင်မျိုးကို တဖြည်းဖြည်းပြန်လည်ရရှိခဲ့တယ် ယုံးကျွင့်ရဲ့ အသားအရေကတော့ သူသေတဲ့နေ့ကတည်းက မပြောင်းလဲသွားဘူး အခု သူက လူသားအုပ်စုနဲ့ အတူတူ ရှိနေရင်တောင်မှ သူ့ကို ဘယ်သူမှ သတိထားမိကြမှာမဟုတ်ဘူး တစ်ခုတည်းသော ကွဲပြားချက်ကတော့ အဆင့် လေး ဇွန်ဘီးတွေမှာ လူသားရုပ်ရည်သွင်ပြင် ရှိသော်ငြား သူတို့မှာ အသိဉာဏ်မရှိကြဘူး အဲ့ဒါကြောင့် အရင်ယုံးကျွင့်ကို လူသားတွေက တွေ့ရှိသွားပြီး သိပ္ပံဓာတ်ခွဲခန်းကို အပို့မခံရသေးခင် အသတ်ခံလိုက်ရတယ်

System: Xiao Bo ZiWhere stories live. Discover now