8.5 Wu Jiang Kai

1.6K 139 1
                                    

Liu Jun က သူ့စီစဉ်ထားတဲ့အတိုင်းဖြစ်မယ် လို့တွေးနေတယ် သူ့ချစ်သူက သူ့ကို ဘယ်တုန်းကမှမငေါက်ဘူးတာ ဆိုတော့ ။ သူက ဒီကမ္ဘာကအခြေအနေတွေကိုမေ့နေတယ်

" Wen. Liu. Jun" Wu Jiang Kai က ကင်မရာကို တစ်ဘက်မှာကိုင်ထားရင်း အော်လိုက်တယ်

Wen Liu Jun ကို စကားပြောခွင့်မပေးဘဲ သူချက်ချင်းပြောလိုက်တယ် " မင်း သွေးသစ္စာဆိုတာ လိမ်ပြောတာလဲ နောက်ဆုံးတော့ mafia က mafia ပါပဲ ငါတို့ရဲတွေနဲ့ မင်းတို့က ဘယ်လိုလို့ ပူးပေါင်းလို့ရမှာလဲ မင်း အစ ကတည်းက သစ္စာဖောက်ဖို့ စဉ်းစားနေတာလား" Wu Jiang Kai က ထေ့ငေါ့ပြောရင်း ပျက်ရယ်ပြုလိုက်တယ်

Liu Jun က အမေးခံလိုက်ရတဲ့ မေးခွန်းတွေကြောင့် တုန်လှုပ်သွားတယ် သူပြန်မဖြေနိုင်ခင်မှာ Wu Jiang Kai ကို သူ့ကို လက်မောင်းက ဆွဲကိုင်ပြီး အပြင်ကိုထုတ်လိုက်တယ် သူ့လက်မောင်း နာသွားတယ် Wu Jiang Kai ဒီလောက်ဒေါသထွက်လိမ့်မယ်လို့ မထင်ထားဘူး သူ အိမ်အပြင်မှာကြောင်တောင်တောင်ရပ်နေတယ်

သူထွက်မသွားခင် မျက်ရည် အပြည့်နဲ့ မျက်လုံးတွေက ပိတ်နေတဲ့ တံခါးကို ကြည့်နေတယ်

နောက်မနက်ကျ Wu Jiang Kai က Liu Jun ရဲ့အခန်းကို သွားကြည့်တယ် သူ့အိတ်သာရှိပြီး လူကတော့ မရှိဘူး Jiang Kai စိတ်ရှုပ်သွားတယ် သူ့ခံစားချက်ကို လျစ်လျူရှုလိုက်ပြီး ကင်မရာကိုယူကာ စခန်းကိုသွားလိုက်တယ်

သူ့ဦးလေးရုံးခန်းထဲကို တံခါးတောင်မဖွင့်ဘဲ ၀င်သွားတယ်

" ဘယ်သူက Xiao Kai Kaiကို ဒေါသထွက်အောင်လုပ်လိုက်တာလဲ" ဦးလေးရဲ့မေးခွန်းကို Wu Jiang Kai က ဂရုမစိုက်ဘူး

" ဒီထဲမှာ ဘာတွေပါလဲ ကြည့်ပေးပါ Wen Liu Jun က အိမ်မှာ လျှို့ဝှက်ကင်မရာတွေတက်ထားတယ် ကျနော့်အထင်တော့ နောက်ထပ် ထပ်ရှိအုန်းမယ်ထင်တယ်" သူက စိတ်တိုစွာ မရပ်နားဘဲပြောလိုက်တယ်

" ဘယ်လိုလို့ဖြစ်နိုင်မှာလဲ " ဦးလေးက စိတ်ရှုပ်စွာ တိုးတိုးပြောလိုက်တယ် သူ့ဦးဘေးစိတ်ရှုပ်တာကို ကြည့်ပြီး Wu Jiang Kai က ပို စိတ်ရှုပ်သွားတယ် "မင်းတို့နှစ်ယောက် ရန်ဖြစ်လာတာလား"

ဦးလေးက ဆက်ရှင်းပြတယ် " ငါ Wen Liu Junကို မယုံလို့ လူလွှတ်ပြီး သူ့အဖွဲ့ကိုစောင့်ကြည့်ခိုင်းထားတယ် ဒါပေမဲ့ သူတို့က mafia ဆိုတဲ့ နာမည်နဲ့ မလိုက်အောင်ကို စိတ်က ကြောင်ငယ်တစ်ကောင်လို ဖြစ်နေတယ်" ဦးလေးက ပြောရင်းပြုံးနေတယ်

Mafia ဆိုပြီး ကြောင်ငယ်တစ်ကောင်လို ဆိုတော့ ...

Wu Jiang Kai က မယုံကြည်ဘူး သူက ကင်မရာကို ဦးလေးကို ပေးလိုက်တယ် သူ့ဦးလေးက ကွန်ပြူတာနဲ့ ချိတ်လိုက်တော့ Wu Jiang Kai ရဲ့ ဓာတ်ပုအမြောက်အများကို တွေ့လိုက်ရတယ်

Wu Jiang Kai အရမ်း အံ့ဩသွားတယ် သူက သူ့အိမ်ပုံစံရယ် သူသိမ်းထားတဲ့ အရေးကြီး အချက်အလက်တွေကို ရိုက်ထားတာလို့ ထင်နေတာ ဒါပေမဲ့ ဒီထဲမှာ သူ့ရဲ့ ဓာတ်ပုံတွေပဲရှိနေတယ် ပုံတွေက ကျွမ်းကျင်စွာ သေသေချာချာ ရိုက်ထားသလိုပဲ

Wu Jiang Kai က Wen Liu Jun ခြေဦးတည့်ရာသွားနေလောက်တယ် လို့တွေးမိပြီး ချက်ချင်း ထွက်ပြေးသွားတယ် ဓာတ်ပုံတွေ သိမ်းဖို့တောင် မသိမရတော့ဘူး ဦးလေးက ဓာတ်ပုံတွေကိုကြည့်ပြီး မျက်နှာက နီရဲနေတယ် အခုခေတ်လူငယ်တွေက အရမ်းထူးဆန်းတာပဲ တွေးရင်း ပုံတွေကိုဖျက်လိုက်တယ်

တစ်ဖက်မှာတော့ Wen Liu Jun က Wu Jiang Kai ရဲ့ ဒေါသထွက်နေတဲ့မျက်နှာကိုသာ မြင်ယောင်နေတယ် Wu Jiang Kai က သူ့ချစ်သူ မဟုတ်ဘူးများလား ဒါပေမဲ့ သူတို့တွေ့တုန်းက သူ့စိတ်ဝိညာဉ် တုန်သွားတာ သေချာပါတယ် ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ

သူက မနေ့ကတည်းက အခုထိ တစ်နေရာထဲမှာပဲ ထိုင်နေတယ် သူ့ကို အခြား mafia အဖွဲ့ တစ်ဖွဲ့ က မှတ်မိသွားပြီး သူ့ကို နေ့ခင်းကြီး တိုက်ခိုက်မယ် မထင်ထားဘူး

" Yellow Dragon အဖွဲ့ရဲ့ သခင်လေးပါ့လား မင်း ထောင်ထဲရောက်နေတယ် ထင်နေတာ" အင်္ကျီလက်ပြတ်ဝတ်ထားပြီး ဘေ့စ်ဘော တုတ်ကို ကိုင်ထားတဲ့ လူတစ်ယောက် မေးလိုက်တယ် ဓားတစ်ချောင်းကိုလည်း သူက ဘောင်းဘီမှာ ချိတ်ထားတယ် သူ့နောက်မှာတော့ ညာဘက်လက်မောင်းမှာ တူညီတဲ့ တက်တူး ထိုးထားတဲ့ လူ ၁၂ ယောက်ရှိတယ်

" မင်းတို့ လူမှားနေတယ်နဲ့ တူတယ် " Wen Liu Junက စိတ်မကြည်စွာ ပြန်ပြောလိုက်တယ်

' ၁၂ယောက် တစ်ယောက်? ငါ အတိုက်အခိုက်တတ်ရင်တောင် မနိုင်လောက်ဘူး ထွက်ပြေးမှ'

စကားပြောရင်းတန်းလန်း Wen Liu Jun က ထွက်ပြေးသွားတယ် သူက အတိုက်အခိုက် သင်ထားသော်လည်း မလေ့ကျင့်ထားတော့ ဘယ်လို အသုံးချရမလဲ ဆိုတာ မသိဘူး

" လိုက်ကြစမ်း သူ့ကိုမလွတ်စေနဲ့ " ခေါင်းဆောင်က အော်ရင်းအဖွဲ့လိုက် သူ့ကို လိုက်ဖမ်းကြတယ် Liu Junက ထောင့်ကွေ့များစွာ ဖြတ်ပြီးနောက် အချို့ကိုသာ မျက်ခြေဖြတ်နိုင်သော်လည်း သူတို့က အဖွဲ့လိုက်ပြန်ဖြစ်သွားတယ် Wen Liu Jun အရမ်းစိတ်တိသွားတယ် သူမှာ တိုက်ခိုက်ချင်စိတ် မရှိဘူး

" အကူခေါ်စမ်း ဒီနေ့ အဲ့ကောင်ကို မိကို မိရမယ် " သူတို့ထဲက တစ်ယောက်က ပြောလိုက်တယ် Liu Junက ဒီနေ့ရဲ့ ကံမကောင်းမှုတွေကိုတွေးပြီး စိတ်ညစ်နေတယ်

System: Xiao Bo ZiWhere stories live. Discover now