9.2 Nangong Ou (uni)

1.5K 132 8
                                    

Wanqi Junရဲ့ အလိုလိုက်မှုတွေကြောင့် တစ်ချိန်က သူ့ကို အပြစ်ပေးဖူးတဲ့ အကြောင်းကိုတောင် Nangong Ou မေ့ပျောက်သွားတယ် နေ့တိုင်း သူက သူ့ shifu ရဲ့ ခြံထဲမှာ အချိန်ကုန်ရင်း ကျင့်ကြံခြင်းလမ်းစဉ်မှာ တိုးတက်အောင် ကြိုးစားနေတယ်

Wanqi Jun က သူ့ချစ်သူရဲ့ တစ်နေ့တစ်ခြား မယုံနိုင်လောက်အောင် တိုးတက်လာမှုတွေကို ကြည့်ရှုနေတယ်

Nangong Ou ရဲ့ အိပ်နေရင်းနဲ့တောင် ကျင့်ကြံအားထုတ်နိုင်မှုကို ကြည့်ရင်း Wanqi Jun က အံ့ဩနေတယ် ထောင်စုနှစ်ကြာသည်အထိ immortal အဆင့်ရောက်အောင် အပြင်းအထန် ကျင့်ကြံနေတဲ့ လူတွေအားလုံးက Nangong Ou နဲ့ ယှဉ်ရင် ပြက်လုံး သဖွယ်ဖြစ်သွားတယ် Nangong Ou က တစ်ပတ်အတွင်း spirit master အဆင့်ကို ရောက်သွားတဲ့အထိ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တယ်

Immortal အဆင့်ကို ရောက်ရှိဖို့အတွက် ကျင့်ကြံသူက martial practitioner အဆင့်ကို ရောက်အောင် ပထမဦးစွာ ကျင့်ကြံရတယ် နောက်တော့ နောက်ထပ် အဆင့်သုံးဆင့်ကို ထပ်မံကျင့်ကြံရင်း martial master အဆင့်ကို ရောက်ရှိကြတယ် အဲ့ကနေတစ်ဆင့် နောက်ထပ် အဆင့်သုံးဆင့် ကျင့်ကြံပြီး spirit practitioner အဆင့် ကို တက်လှမ်းနိုင်တယ် ပြီးတော့မှ နောက်ထပ် အဆင့်ငယ် သုံးဆင့်ကို ကျင့်ကြံကာ spirit master အဆင့်ကို ရောက်ရှိနိုင်တယ်

အမှန်အတိုင်း ပြောရရင် ဒီအဆင့်တွေက အရင်ကထက် ကျင့်ကြံဖို့ ပိုမို ခက်ခဲတယ် ပင်ကိုစွမ်းရည်ရှိပြီး တော်တဲ့ပါရမီရှင်တစ်ယောက်တောင်မှ spirit master အဆင့်ကို ရောက်ဖို့ အနည်းဆုံး တစ်နှစ် အချိန်ယူရတယ် ဒါပေမဲ့ အမျိုးသားဇာတ်လိုက် Nangong Ou ကတော့ တစ်ပတ်ထဲနဲ့ spirit master အဆင့်ကို တက်လှမ်းနိုင်တယ်

Wanqi Junက အဖိုးတန်တဲ့ ဆေးတွေ ပစ္စည်းတွေကို ထောက်ပံ့ပေးနေတာ ဖြစ်သော်ငြား ဒီအဆင့်ကို အချိန်တိုအတွင်း ရောက်ရှိဖို့က အင်မတန် ခက်ခဲလှတယ်

Spirit master အဆင့်ပြီးရင် elemental practitioner, elemental master .....စသည်ဖြင့် immortal အဆင့် မရောက်ခင် အဆင့်ပေါင်းများစွာ ရှိသေးတယ် ဒီအဆင့်တွေကလည်း တစ်ဆင့်ပြီးတစ်ဆင့် ပိုမို ခက်ခဲလာပြီး အချိန်ကြာမြင့်စွာ ကျင့်ကြံအားထုတ်ဖို့ လိုအပ်တယ် ဒါပေမဲ့ Nangong Ou က တော့ ဒီအခြေအနေကို လွယ်လင့်တကူ ကျော်ဖြတ်သွားနိုင်မဲ့ စွမ်းရည်မျိုးရှိတယ်

System: Xiao Bo ZiWhere stories live. Discover now