9.5 Nangong Ou (Unicode)

873 105 2
                                    

" စတင်တော့ "

ဝမ့်ချီကျွင့်က စောင့်ကြည့်စင်မြင့်ပေါ်မှာထိုင်ပြီး ယပ်တောင်ခပ်နေရင်း သူ့ကို ခဏခဏလှမ်းကြည့်နေတဲ့ နန့်ကုန်းနဲ့ အကြည့်ချင်းဆုံလိုက်တယ် အခု နန့်ကုန်းက ပြိုင်ပွဲကွင်းထဲမှာ ဂိုဏ်းရဲ့ အခြားတပည့်တွေနဲ့ အတူရှိနေတယ် ပြိုင်ပွဲဝင်လူပေါင်းများစွာထဲမှ အမွှေးတိုင်တစ်တိုင်စာ ကုန်ပြီး အချိန်အထိ ပြိုင်ပွဲစင်ပေါ်မှာ ကျန်နေတဲ့ပြိုင်ပွဲဝင်များသာလျှင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်တယ် အခုအဆင့်က အင်အားနည်းတဲ့သူတွေကို ဖယ်ရှားဖို့ အဆင့်ပေါင်းများစွာထဲက ပထမအဆင့်သာ ဖြစ်တယ်

နန့်ကုန်းက ပြိုင်ပွဲစင်ပေါ်မရောက်ခင် ဝမ့်ချီကျွင့်ကို ယုံကြည်ချက်အပြည့်ရှိနေတဲ့ အကြည့်မျိုးနဲ့ ကြည့်နေတယ်

ဝမ့်ချီကျွင့်က နန့်ကုန်းနားမှာ ဖြစ်ပေါ်လာတဲ့ အကာအကွယ်အတားအဆီးကို ကြည့်နေတယ် ဒီအကာအရံက သူ့ကို ဒုက္ခပေးချင်တဲ့ အခြားသူတွေ သူ့နားမလာနိုင်အောင်အတွက် နန့်ကုန်း ပြုလုပ်လိုက်တာဖြစ်တယ် သူတို့က နန့်ကုန်းရဲ့ အကာအရံကို မဖျက်ဆီးနိုင်ကြဘူး

နန့်ကုန်းက စင်ပေါ်မှာထိုင်ပြီး ကျင့်ကြံခြင်းမစတင်ခင် ဝမ့်ချီကျွင့်ကို နောက်ဆုံးတစ်ချက်လှမ်းကြည့်လိုက်တယ် ဝမ့်ချီကျွင့်က ပြုံးလိုက်ပြီး ယပ်တောင်ဆက်ခပ်ရင်း မျက်လုံးမှိတ်ထားလိုက်တယ် ချောမောလှပစေပါတယ်ဆိုတဲ့ သူရထားတဲ့ လက်ဆောင်က အပြည့်အဝအလုပ်လုပ်နေတော့ သူသတိမထားလိုက်မိခင် ပေါင်းရွဲ့ရဲ့ အာရုံစိုက်ခြင်းကို ခံလိုက်ရတယ် ဝမ့်ချီကျွင့်ရဲ့ ချောမောမှုကို ငေးမောနေတဲ့ ပေါင်းရွဲ့ခမျာ တိုက်ခိုက်ခြင်းတစ်ခုကို ခံစားလိုက်ရတယ်

ပေါင်းရွဲ့ လက်ရှိအခြေအနေကိုပြန်လည် သတိထားမိတဲ့အချိန်မှာ သူ(မ)ဟာ ပြိုင်ပွဲစင်ပေါ်မှာ အကာအရံနဲ့ ကျင့်ကြံနေတဲ့ လူထူးဆန်းနားရောက်နေတယ် အဲ့အချိန်မှာ ဝမ့်ချီကျွင့်က နန့်ကုန်းကို လှမ်းကြည့်မိတော့ နန့်ကုန်းနား သူ့ရဲ့ နောက်ထပ် အမျိုးသမီးမောင်းမတစ်ယောက် ရောက်ရှိနေတာကို သတိထားမိသွားတယ်

System: Xiao Bo ZiDonde viven las historias. Descúbrelo ahora