4 _ Faith

140 16 0
                                    

Part (4) U

"ကနေဒါကို အပြီးမသွားချင်ရင် ရလက်စအခွင့်အရေးတွေ မဆုံးရှုံးချင်ရင် ဒက်ဒီ့စကားကို နားထောင်ပါ Leo..."

"ဘာလို့လဲ...ဘာလို့ ဒက်ဒီ့စိတ်တိုင်းကျပဲ နေရတာလဲ...ကျွန်တော် ဘာဖြစ်ချင်လဲ ဆိုတာရော........."

"မဖြစ်ချင်နဲ့...မဖြစ်ရဘူး...ဒက်ဒီလုပ်ခဲ့သမျှက မင်းအတွက်ပဲ..."

"အိမ်မက်တွေ မျှော်လင့်ချက်တွေ အကောင်အထည်ဖော်ခွင့်မရတဲ့ ဘဝအတွက် ဆိုရင်တော့........"

မျက်ဝန်းညိုများ စူးခနဲလက်ကာ စကားတစ်ဝက်တစ်ပျက်နှင့် ကျောခိုင်းထွက်သွားသော ကျောပြင်ကျယ်ကျယ်က တစ်ချိန်က ကိုယ့်ကိုကိုယ် ပြန်မြင်နေရသလိုပင်။

အရုပ်ကြိုးပြတ် ထိုင်ချမိပြီး ဒူးပေါ်လက်တင်ကာ ဆံပင်တွေထဲ လက်တွေထိုးဖွရင်း မျက်ဝန်းများကို မှိတ်ထားမိတော့ ဝိုင်းစက်ကြည်လဲ့သော မျက်ဝန်းတစ်စုံကို မြင်ယောင်စဥ် တီးတိုးဖွဖွရေရွတ်မိသော နာမည်လေး။
လွန်ခဲ့သော တစ်ချိန်ဆီကပေါ့လေ။

"နေကြာပန်းတွေက နေမင်းရှိရာ မျက်နှာမူပြီးပွင့်သတဲ့...ညဘက်ရောက်ရင် သူတို့တွေ ဘာလို့ ညှိုးငိုက်ကျနေလဲ သိလား..."

"......"

"K........"

"အဲ....ညဆိုတော့ သူတို့လည်း ငိုက်နေတာ လား..."

"စလာပြီ....တလွဲတွေ...."

"မသိဘူးကွာ...နေကြာပန်းထက် နေကြာတွေကိုချစ်တဲ့ ကောင်လေးကိုပိုချစ်တာပဲ သိတာ..."

လက်ထဲက ဆေးစပ်ပြားကိုဆွဲယူကာ ခါးနောက်ကနေသိုင်းဖက်စဥ် လက်ဖဝါးကြီးကြီးထဲ လက်သွယ်သွယ်လေးတွေကို ထွေးဆုပ်လျက်သား။

ပုခုံးပေါ်မေးတင်ရပ်မိတော့ ဆံပင်အုပ်အုပ်လေးတွေက လေအဝှေ့မှာ နားထင်နှင့်နားသယ်စပ်တွေဆီ တို့ထိတိုက်ခတ်သွားတာမို့ Kris ခပ်ဖွဖွပြုံးမိရသည်။

"အဲ့ဒါကြောင့် ကိုယ့်ချစ်သူက အဝါရောင်တွေကို ချစ်တာလား..."

"အဝါရောင်က ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတယ်တဲ့...ပြီးတော့ ပေးဆပ်တဲ့ချစ်ခြင်းနဲ့ နေကြာတွေရဲ့အရောင်...မင်းရော မချစ်ဘူးလား..."

Along With Christmas [ Z&U ] Mini StoryWhere stories live. Discover now