Snow and Sweet 💚❤

39 2 0
                                    

Along With Christmas

Landon ရဲ့ Christmas
လင်းလက်တဲ့ မီးရောင်စုံကြား
Piccadilly Circus နားက
Holly ပင်တွေကြားမှာတော့
Santa Claus ဘိုးဘိုးက
X'mas လက်ဆောင်တွေ ဝေနေလေရဲ့.....
(သောကပုံပြင်တွေတော့ မပါဝင်ဘူးပေါ့ကွယ်...)

Buckingham Palace ရဲ့
ထိန်ထိန်ငြီး မီးရောင်အောက်
Merry Christmas To You
စကားတစ်ခွန်းနဲ့အတူ
သူ ကိုယ့်ဘဝထဲ ဝင်လာခဲ့တယ်....

ဟိုးအဝေး Big Ben နာရီစင်ကြီးရဲ့
နာရီသံ တစ်ချက်ချက်
လွမ်းရက်တွေရဲ့အစပေါ့....

Royal Park ထဲက
ခုံတန်းလေးမှာ မှီငေးရင်း
မျက်ဝန်းညိုနဲ့ ကောင်လေးရယ်
Christmas ညတွေဟာ
လွမ်းတတ်အောင် ပြုစားလိမ့်မယ် လို့
မမျှော်လင့်ခဲ့မိပါဘူး....

မဖြစ်သင့်မှန်းလည်း သိတယ်...
မဖြစ်နိုင်မှန်းလည်း သိခဲ့ပါတယ်...

တစ်ယောက် အိမ်မက်တွေ
မဖျက်ဆီးရက်ခဲ့တာ...
တစ်ယောက် အနာဂါတ်
ပျက်ဆီးစေဖို့များလား...

တိုင်းတစ်ပါးဆိုတဲ့
တံတိုင်းကြီး ခြားနေသမျှတော့
အလွမ်းညတွေ ရှည်ကြာနေဦးမှာပဲ...

နှလုံးသားကို မျိုသိပ်
ဦးဏှောက်နဲ့ မျက်သိမှိတ်ပြီး
သူ မနှင်ခင်
ကိုယ် အရင်ကျောခိုင်းခဲ့ရ...

Downing Street နားက
တစ်သက်တာ လမ်းခွဲ
ကြေကွဲမျက်ရည်တွေ
Santa Claus ဘိုးဘိုးလည်း
မသိနိုင်ခဲ့ဘူးပေါ့ကွယ်

ညိုရင့်ရင့် ဆံနွယ်တွေအောက်က
နက်ရှိုင်းတဲ့ မျက်ဝန်းညိုတွေဟာ
ကိုယ့်ဘဝ တစ်လျှောက်လုံး
ထာဝရ စိုးမိုးနေတော့မှာ...

ဒီလိုနဲ့
Tower Bridge ပေါ် တစ်ယောက်တည်း
ခပ်တိတ်တိတ် လျှောက်အလာ
ဟိုးအဝေးက
ခပ်ငေးငေး သူ့အသွင်
ရင်ခွင်ကို ပြိုလဲစေခဲ့...

ချန်ခဲ့သူမှ
ဒဏ်ရာထင်ကျန်တာ မဟုတ်ပါဘူး...
ကျန်ခဲ့သူမှာလည်း
ဝေဒနာ အပြည့်နဲ့လေ....

အနာဂါတ်ကို ရင်ဆိုင်ဖို့
ပစ္စုပ္ပန်မှာ အလွမ်းတွေသိုဝှက်
တစ်ခန်းရပ်သွားတဲ့
ဇာတ်လမ်းအဖြစ်သာ...

#NwayOo

>>>>>>>>>>

Along With Christmas

Landon ရဲ႕ Christmas
လင္းလက္တဲ့ မီးေရာင္စုံၾကား
Piccadilly Circus နားက
Holly ပင္ေတြၾကားမွာေတာ့
Santa Claus ဘိုးဘိုးက
X'mas လက္ေဆာင္ေတြ ေဝေနေလရဲ႕.....
(ေသာကပုံျပင္ေတြေတာ့ မပါဝင္ဘူးေပါ့ကြယ္...)

Buckingham Palace ရဲ႕
ထိန္ထိန္ၿငီး မီးေရာင္ေအာက္
Merry Christmas To You
စကားတစ္ခြန္းနဲ႕အတူ
သူ ကိုယ့္ဘဝထဲ ဝင္လာခဲ့တယ္....

ဟိုးအေဝး Big Ben နာရီစင္ႀကီးရဲ႕
နာရီသံ တစ္ခ်က္ခ်က္
လြမ္းရက္ေတြရဲ႕အစေပါ့....

Royal Park ထဲက
ခုံတန္းေလးမွာ မွီေငးရင္း
မ်က္ဝန္းညိုနဲ႕ ေကာင္ေလးရယ္
Christmas ညေတြဟာ
လြမ္းတတ္ေအာင္ ျပဳစားလိမ့္မယ္ လို႔
မေမွ်ာ္လင့္ခဲ့မိပါဘူး....

မျဖစ္သင့္မွန္းလည္း သိတယ္...
မျဖစ္နိုင္မွန္းလည္း သိခဲ့ပါတယ္...

တစ္ေယာက္ အိမ္မက္ေတြ
မဖ်က္ဆီးရက္ခဲ့တာ...
တစ္ေယာက္ အနာဂါတ္
ပ်က္ဆီးေစဖို႔မ်ားလား...

တိုင္းတစ္ပါးဆိုတဲ့
တံတိုင္းႀကီး ျခားေနသမွ်ေတာ့
အလြမ္းညေတြ ရွည္ၾကာေနဦးမွာပဲ...

ႏွလုံးသားကို မ်ိဳသိပ္
ဦးေဏွာက္နဲ႕ မ်က္သိမွိတ္ၿပီး
သူ မႏွင္ခင္
ကိုယ္ အရင္ေက်ာခိုင္းခဲ့ရ...

Downing Street နားက
တစ္သက္တာ လမ္းခြဲ
ေၾကကြဲမ်က္ရည္ေတြ
Santa Claus ဘိုးဘိုးလည္း
မသိနိုင္ခဲ့ဘူးေပါ့ကြယ္

ညိုရင့္ရင့္ ဆံႏြယ္ေတြေအာက္က
နက္ရွိုင္းတဲ့ မ်က္ဝန္းညိုေတြဟာ
ကိုယ့္ဘဝ တစ္ေလွ်ာက္လုံး
ထာဝရ စိုးမိုးေနေတာ့မွာ...

ဒီလိုနဲ႕
Tower Bridge ေပၚ တစ္ေယာက္တည္း
ခပ္တိတ္တိတ္ ေလွ်ာက္အလာ
ဟိုးအေဝးက
ခပ္ေငးေငး သူ႕အသြင္
ရင္ခြင္ကို ၿပိဳလဲေစခဲ့...

ခ်န္ခဲ့သူမွ
ဒဏ္ရာထင္က်န္တာ မဟုတ္ပါဘူး...
က်န္ခဲ့သူမွာလည္း
ေဝဒနာ အျပည့္နဲ႕ေလ....

အနာဂါတ္ကို ရင္ဆိုင္ဖို႔
ပစၥဳပၸန္မွာ အလြမ္းေတြသိုဝွက္
တစ္ခန္းရပ္သြားတဲ့
ဇာတ္လမ္းအျဖစ္သာ...

#NwayOo

You've reached the end of published parts.

⏰ Last updated: Dec 25, 2023 ⏰

Add this story to your Library to get notified about new parts!

Along With Christmas [ Z&U ] Mini StoryWhere stories live. Discover now