2 _ Leo

268 42 4
                                    

Part (2) U

မဖြစ်သင့်မှန်းလည်း သိတယ်...
မဖြစ်နိုင်မှန်းလည်း သိခဲ့ပါတယ်...

တစ်ယောက် အိမ်မက်တွေ
မဖျက်ဆီးရက်ခဲ့တာ...
တစ်ယောက် အနာဂါတ်
ပျက်ဆီးစေဖို့များလား...

တိုင်းတစ်ပါးဆိုတဲ့
တံတိုင်းကြီး ခြားနေသမျှတော့
အလွမ်းညတွေ ရှည်ကြာနေဦးမှာပဲ...

နှလုံးသားကို မျိုသိပ်
ဦးဏှောက်နဲ့ မျက်သိမှိတ်ပြီး
သူ မနှင်ခင်
ကိုယ် အရင်ကျောခိုင်းခဲ့ရ...

Downing Street နားက
တစ်သက်တာ လမ်းခွဲ
ကြေကွဲမျက်ရည်တွေ
Santa Claus ဘိုးဘိုးလည်း
မသိနိုင်ခဲ့ဘူးပေါ့ကွယ်.....

✡ ✡ ✡ ✡ ✡ ✡ ✡

"သခင်ကြီး စောင့်နေပါတယ်...သခင်လေး..."

အခန်းဆီ တန်းသွားမည့် ခြေလှမ်းများက အိမ်တော်ထိန်းကြီး စကားကြောင့် တုံ့ခနဲ။

အလုပ်မပိုစေချင်တာကြောင့် စာကြည့်ခန်းဆီ လျှောက်လာမိတော့ ပြူတင်းကိုမျက်နှာမူကာ ဝင်ပေါက်ကို ကျောပေးနေသည့် ဒက်ဒီ။

"ထွက်ခွင့်ရသမျှ အချိန်ကို အသုံးချတတ်သားပဲ..."

"အဲ့ဒီတစ်ရက်အတွက် တစ်နှစ်ပတ်လုံး စိတ်တိုင်းကျ နေပေးခဲ့တယ် မဟုတ်လား ဒက်ဒီ..."

"အချိန်တန်ရင် လျှောက်ရမယ့်လမ်းအတွက် ဘာအဖုအထစ်မှ ဖြစ်မလာဖို့ ပြောထားတာ မှတ်မိရင် အဲ့ဒီနေရာမှာ ရှိမနေသင့်ဘူး..."

"တစ်သက်လုံး ဘောင်ခတ်ထားတဲ့ ဘဝထဲမှာ စည်းကမ်းတွေ သတ်မှတ်ချက်တွေက အနာဂါတ်လို့ ဒက်ဒီထင်နေရင် ပြောစရာမရှိပါဘူး...နားတော့မယ်...."

အခန်းထဲရောက်မှ ကုတင်ပေါ် မှောက်ချရင်း သက်ပြင်းမောတို့ကို မှုတ်ထုတ်မိသည်။

မသေချာတဲ့ ဘဝထဲမှာ မရေရာတဲ့ အချစ်တစ်ခု စတင်မိပြီထင်ရဲ့...

မစတင်ခင် အဆုံးသတ်ခဲ့ရတာကို တွေးမိတော့ ခပ်အက်အက် ရယ်မိသည်။

ဦးထုပ်နီနီလေးကို မြင်တော့ သမင်ချိုဘီးကုပ်လေးကိုပါ မြင်ယောင်လာမိရသည်။

ပုခုံးပေါ် ခေါင်းမှီချကာ တတွတ်တွတ်ပြောနေသည့် စကားတွေကို မငြိုငြင်စွာ နားထောင်ရင်း အဆက်အစပ်မရှိသော စကားတို့ကို လိုက်ဆက်စပ်ရင်း စိတ်အစုံက ညွှတ်နူးကြည်မွေ့လို့ နေခဲ့တာ။

Along With Christmas [ Z&U ] Mini StoryWhere stories live. Discover now