5 _ Along With Christmas

170 14 0
                                    

Part (5) Final_U

ပန်းချီပြခန်းတွေ၊ Studio တွေ အပါအဝင် Landon တစ်မြို့လုံး ရောက်လေရာတိုင်း ရှာခဲ့သော်လည်း Sean က ပျောက်ချက်သားကောင်းလှသည်။

ဆောင်းဦးရာသီအစက နှင်းစက်တို့ပိုထူကာ လေပြေတို့က ပိုအေးလာပြီ။
အမှတ်တမဲ့မှသည် အမှတ်တရများစွာ ထင်ကျန်လေသော လွမ်းမောဖွယ်အချိန်တို့ ရောက်လေဦးတော့မည်။

Long coat ကို ခပ်တင်းတင်းဆွဲစေ့ရင်း ပြခန်းထဲကထွက်မည်အပြု ပန်းချီကားတစ်ချပ်ကြောင့် သူ မှင်သက်သွားရသည်။

ဆွယ်တာအနီ၊အစိမ်းကိုယ်စီနှင့်ကောင်လေးနှစ်ယောက်၊ သမင်ချိုဘီးကုပ်လေးတွေတပ်ကာ မီးပန်းတွေကို ငေးကြည့်နေသည့် ပန်းချီကားက ဘေးတိုက်မကျတကျပုံရိပ်များ ဖြစ်သော်လည်း စိတ်ကအလိုလိုသိနေသည်နှယ်။

Not For Sale ဟု ကပ်ထားသည့် ထိုကားချပ်အောက်ခြေမှ ခပ်စောင်းစောင်းလက်မှတ်လေးကြောင့် ရင်ခုန်သံတို့ ကသောင်းကနင်းဖြစ်သွားရသည်။

"ဒီမှာခင်ဗျ၊ ဒီကားရေးတဲ့ Mr.Sean နဲ့ တွေ့ချင်လို့ပါ၊ သူ့မိတ်ဆွေပါ..."

"Mr.Sean...အာ...သူ့အဖေနေမကောင်းလို့ ပြန်သွားတာကြာပြီ၊ လူကြီးမင်း သူ့မိတ်ဆွေဆို မသိလိုက်ဘူးလား..."

"အဲ...ကျွန်တော်က foreign က အခုမှပြန်ရောက်လို့ အဆက်အသွယ်ပြတ်နေတာ...အခုမှ လာရှာရလို့ပါ...လိပ်စာလေးတစ်ချက်သိလို့ရမလား...ကျွန်တော် တရုတ်ကိုသွားစရာလည်း ရှိလို့..."

ပြခန်းတာဝန်ခံက တစ်ချက်အကဲခတ်သလိုကြည့်ပြီး လူမျိုးတူချင်းဖြစ်တာရော၊ ပုံပန်းအရ ယုံကြည်လောက်သည်ဟု ယူဆ၍လားမသိ။ သေချာရေးပေးရှာသည်။

လိပ်စာရသည်နှင့် လေယာဥ်လက်မှတ်ဖြတ်ကာ ခရီးနှင်ဖို့ပြင်ရသည်။
ဒက်ဒီက အလုပ်ကိစ္စနှင့်ခရီးထွက်သွားသဖြင့်သာ တော်တော့သည်။

ပြီးခဲ့သည့်နှစ် ခရစ္စမတ်ကာလအပြီး သူ့အပေါ် ဒက်ဒီကအရင်လောက် မတင်းကျပ်တော့သလို သားအဖချင်းကြား အလုံးစုံမဟုတ်လျှင်သော်မှ အတန်ငယ် ပြေလည်မှုရလာခဲ့သည်။

Along With Christmas [ Z&U ] Mini StoryWhere stories live. Discover now