1 _ First Meet

449 44 6
                                    

Part (1) U

Landon ရဲ့ Christmas
လင်းလက်တဲ့ မီးရောင်စုံကြား
Piccadilly Circus နားက
Holly ပင်တွေကြားမှာတော့
Santa Claus ဘိုးဘိုးက
X'mas လက်ဆောင်တွေ ဝေနေလေရဲ့.....
(သောကပုံပြင်တွေတော့ မပါဝင်ဘူးပေါ့ကွယ်...)

Buckingham Palace ရဲ့
ထိန်ထိန်ငြီး မီးရောင်အောက်
Merry Christmas To You
စကားတစ်ခွန်းနဲ့အတူ
သူ ကိုယ့်ဘဝထဲ ဝင်လာခဲ့တယ်....

ဟိုးအဝေး Big Ben နာရီစင်ကြီးရဲ့
နာရီသံ တစ်ချက်ချက်
လွမ်းရက်တွေရဲ့အစပေါ့....

Royal Park ထဲက
ခုံတန်းလေးမှာ မှီငေးရင်း
မျက်ဝန်းညိုနဲ့ ကောင်လေးရယ်
Christmas ညတွေဟာ
လွမ်းတတ်အောင် ပြုစားလိမ့်မယ် လို့
မမျှော်လင့်ခဲ့မိပါဘူး....

✡ ✡ ✡ ✡ ✡ ✡ ✡

အာရှသားတစ်ယောက်အဖို့ အနည်းငယ် စိမ်းကောင်း စိမ်းသက်နေမည့် လန်ဒန်မြေသည် သူ့လို အခန်းအောင်းပြီး ဆေးစပ်ပြားနှင့် ကင်းဗတ်စကို အဖော်ပြုနေတတ်သည့် ပန်းချီရေးသူ တစ်ယောက်အတွက်တော့ နေသားတကျပင်။

အနုပညာ ရေခံမြေခံကောင်းသည့် ဥရောပမြေသည် ငယ်စဥ်တည်းက သူ့အိမ်မက်တစ်ခု ဖြစ်ခဲ့ရသည်မို့ ကြံ့ကြံ့ခံ ကြိုးစားခဲ့ရသည်။

အီတလီရဲ့Rome ကို ရောက်ဖူးချင်သလို ပြင်သစ်ရဲ့ Louvre ပြတိုက်မှာလည်း တမေ့တမော စီးမျောချင်ပေမယ့် လန်ဒန်မြေကလွဲ စိတ်မကူးရဲသေး။

တစ်နေ့တော့ ဥရောပရဲ့ အနုလက်ရာတွေကြားမှာ မြတ်နိုးရသည့် ပန်းချီကားတွေထဲမှာ သူ့လက်ရာ ပါမလာဘူးလို့တော့ မပြောနိုင်ဘူး မဟုတ်လား။

ကိုယ့်အတွေးနှင့်ကိုယ် သဘောကျစွာ ရယ်ရင်း စီတန်းနေသော Christmas သစ်ပင်တွေနှင့် မီးရောင်စုံကို ငေးနေမိသည်။

Santa ဘိုးဘိုးက ကတ္တီပါအိတ်အနီထဲက လက်ဆောင်ထုပ်လေးတွေကို ဝေငှရင်း လက်ထဲထည့်ပေးလာတဲ့ ဦးထုပ်နီလေးကိုမြင်မှ သတိဝင်လာမိတာ။

"ဘုတ်....." "အင့်...."

အရှိန်နှင့်တိုက်မိတာမို့ ဟန်ချက်ပျက်သွားစဥ် ခါးကနေ ထိန်းပွေ့လိုက်သော ထိုလူကြောင့် ထင်ထားသလို လဲကျမသွားခဲ့။

Along With Christmas [ Z&U ] Mini StoryWhere stories live. Discover now