3 _ Sean

271 35 1
                                    

Part (4) U

ညိုရင့်ရင့် ဆံနွယ်တွေအောက်က
နက်ရှိုင်းတဲ့ မျက်ဝန်းညိုတွေဟာ
ကိုယ့်ဘဝ တစ်လျှောက်လုံး
ထာဝရ စိုးမိုးနေတော့မှာ...

ဒီလိုနဲ့
Tower Bridge ပေါ် တစ်ယောက်တည်း
ခပ်တိတ်တိတ် လျှောက်အလာ
ဟိုးအဝေးက
ခပ်ငေးငေး သူ့အသွင်
ရင်ခွင်ကို ပြိုလဲစေခဲ့...

ချန်ခဲ့သူမှ
ဒဏ်ရာထင်ကျန်တာ မဟုတ်ပါဘူး...
ကျန်ခဲ့သူမှာလည်း
ဝေဒနာ အပြည့်နဲ့လေ....

အနာဂါတ်ကို ရင်ဆိုင်ဖို့
ပစ္စုပ္ပန်မှာ အလွမ်းတွေသိုဝှက်
တစ်ခန်းရပ်သွားတဲ့
ဇာတ်လမ်းအဖြစ်သာ...

✡ ✡ ✡ ✡ ✡ ✡ ✡

ပါးပါးနှင့် ဆုံခဲ့ရချိန်တွေက သူ့အတွက်တော့ နေခြည်နွေးသည့် ဆောင်းနံနက်ခင်းပါပဲ။

သိတတ်စကတည်းက ဘဝတူကလေးတွေနှင့် မိဘမဲ့ဂေဟာမှာ အတူကြီးပြင်းခဲ့ရသည်။

ပိတ်ရက်တွေတိုင်း ပန်းချီလာသင်ပေးသည့် စေတနာဆရာလေးက တစ်ခြားကလေးတွေလို အမြဲဆော့နေကြသည့်အစား ခဲတံတိုလေးတွေနှင့် တကုပ်ကုပ် ရေးခြစ်နေတတ်သော သူ့ကို အချစ်ပိုခဲ့လေသည်။

စက်ဘီးလေးနှင့် လာတတ်သော ဆရာလေးကို စက်ဘီးစီးချင်သည် ပူဆာတော့ နောက်ခုံမှာ တင်ခေါ်ရင်း ပန်းခင်းဝါဝါထဲက အိမ်ဝါဝါလေးဆီ ရောက်ခဲ့ရသည်။

"သားသား အနီကြိုက်တယ်..."

"ဟုတ်လား...ရဲရင့်တဲ့ အရောင်ပေါ့ကွ...."

"အဝါကရော...."

"အမ်...."

"ဆရာလေးက အဝါတွေနဲ့ နေလို့လေ..."

"တစ်နေ့ကျ သေချာ ပြောပြမယ်...ဟုတ်ပြီလား....."

ဆေးစပ်ပြားနှင့်စုတ်တံကို ပထမဆုံး ကိုင်ဖူးခဲ့ရသည့် အပျော်က အဝါရောင်ထက် စိတ်ဝင်စားသွားစေပြီ။

ထိုနေ့ကတော့ ရွယ်တူကလေးတွေကို အလျှိုအလျှို မွေးစားမည့်အိမ်တွေက လာခေါ်သွားကြပြီး ရှောင်းကျန့်တစ်ယောက်တည်း ခြံဝမှာ ကျန်နေခဲ့တာ ဖြစ်သည်။

ပြန်တွေးကြည့်တော့လည်း
သွက်လက်တက်ကြွသော ကလေးငယ်များကိုသာ လိုချင်ကြပြီး ထောင့်ကပ်ပြီး တကုပ်ကုပ်ပုံဆွဲနေတတ်သော ကလေးမျိုးကို မခေါ်လိုတာ သဘာဝကျပါသည်။

Along With Christmas [ Z&U ] Mini StoryWhere stories live. Discover now