၁၈။ ရွှေပေါ်မြတင်​ (၁၈)

2.2K 271 0
                                    

ရွှေပေါ်မြတင်​ (၁၈)
~~~~~~~~~~~~~~

ထိုသူသည် ဖိုင်တွဲတစ်တွဲကို လက်ခံရရှိပြီးနောက်အလျင်အမြန် စစ်ကြည့်လိုက်သည်။ ဤအရာတွင် မည်သည့်ပြဿနာမျှ မရှိသည်ကို သေချာသွားပြီးနောက် သူသည် သူမကို ကြောက်ရွံတုန်လှုပ်နေသည့် အသံဖြင့် ပြောလိုက်သည်။

"မမလေးရွှီ စိတ်မပူပါနဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူ့မှမသိစေရပါဘူး"

ရှီရှန်းခေါင်းညိတ်ပြလိုက်သည်​။

"ရှင်ထွက်သွားလို့ရပြီ"

ထိုလူသည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည်ဟုခံစားလိုက်ရရုံသာမက ဤအခန်းထဲမှအမြန်မထွက်နိုင်၍ သူ့ကိုယ်သူ မုန်းနေမိသည်။ သူ တံခါးကိုဖွင့်လိုက်သောအခါ ရှီရှန်းဆီမှ အသံထွက်လာသည်။ "ရှင့်အသိစိတ်ကိုတော့ သစ္စာဖောက်မယ်မကြံနဲ့နော်"

သူ့တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားပြီး ကျောပြင်တစ်ခုလုံးချွေးစေးများဖြင့် ရွှဲစိုသွားတော့သည်။ သူ ရှီရှန်းဘက်သို့လှည့်၍ အရိုအသေပေးပြီးနောက် အခန်းပြင်သို့အလျင်အမြန်ထွက်ပြေးလာခဲ့သည်။

ထိုလူ အခန်းပြင်သို့ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရှီရှန်းသည် ပျင်းတိပျင်းတွဲကြောင်ငယ်လေးအသွင်​သို့ ပြန်ပြောင်းသွားခဲ့သည်။ လင်းမိသားစုက မဟုတ်တာတွေ လုပ်ထားတာ အများကြီး။ သူမသာ အစပိုင်းလေးတွင် အနည်းငယ်ကြိုးပမ်းလိုက်လျှင်ပဲ လင်းမိသားစုကို ပျက်စီးစေချင်သောသူများအမြောက်အများရှိသောကြောင့် နောက်ပိုင်းကိစ္စများအား သူမဆက်လုပ်ဖို့ရန်မလိုချေ။

[Host သင့်ကို scanဖတ်ထားတဲ့အချက်အလက်တွေအရ မင်းမှာ အရင်တုန်းကရော၊ အခုဒီခန္ဓာကိုယ်မှာပါ hack တဲ့စွမ်းရည်ပိုင်ဆိုင်မထားဘူးလေ။ ဒါတွေကဘယ်ကရလာတာလဲဆိုတာရှင်းပြပေးနိုင်မလား] ထိုညစ်ပတ်သော ကိစ္စတွေအကုန် hack၍ရလာတာဖြစ်သည်။ System ထိုအကြောင်းအချင်းကိုတွေ့လိုက်သောအခါ အလွန်ပင်အံ့ဩသင့်သွားရသည်။ 'ငါ့ရဲ့contribution point* ဆိုင်ကလဲ ခုထိမဖွင့်သေးပါဘူး။ အဲ့တာဆို hostကဘယ်ကနေ hackနည်းတတ်သွားတာလဲ။ ဒီ hostကိုကြည့်ရတာပုံမှန်တော့မဟုတ်လောက်ဘူး'

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now