၁၂၆ ။ ဆေးမှန်မှန်သောက် (၇)

1.2K 168 4
                                    

ဆေးမှန်မှန်သောက် (၇)
~~~~~~~~~~~~~

"ထီပထမဆုပေါက်တယ်လေ... " ပါပါးကျိက ဟိုဟိုဒီဒီကြည့်ပြီးမှ ခပ်တိုးတိုးစကားဆက်ပြောသည်။
"ယွမ်သန်း၄၀တောင်! ခုကစပြီး အဖေတို့ချမ်းသာပြီ!"

"ယွမ်သန်း၄၀လား"
ကျိရှောင်ယွီ၏ မျက်ဝန်းများ ပြူးသွားသည်။ သူမအတွက်တော့ ဒါက မမျှော်မှန်းရဲသော ပမာဏပင်။
'ထီကနေပြီးတော့ ဒီလောက်ရနိုင်လို့လား! ငါအခု ပိုက်ဆံရှိပြီဆိုတော့ အဲဒီလူတွေအနိုင်ကျင့်တာ မခံရတော့ဘူးလို့ဆိုလိုတာလား...။'

စိတ်လှုပ်ရှားမှုက ကျိရှောင်ယွီ၏ နှလုံးသားထဲပေါက်ဖွားလာသည်။ သူမက အနိုင်ကျင့်မခံရသည့်ဘဝတွင် နေထိုင်ရန် အင်မတန်တက်ကြွနေမိသည်။ လူတိုင်းတွင် မကောင်းသည့် စိတ်အမှောင်ခြမ်းရှိကြသည်။ ကျိရှောင်ယွီက သူမဘဝ၏ဒီအစိတ်အပိုင်းထိ အောင့်ခံလာနိုင်ခဲ့ရင် ငွေက ဘာအဓိပ္ပာယ်မှမရှိဟု သတ်မှတ်သောလူတစ်ယောက် ဖြစ်လာခဲ့လိမ့်မည်။ဒါပေမဲ့ သူမ အမြင်များစတည်ဖြစ်တည်ကာစ စိတ်တိမ်းညွှတ်လွယ်သောအရွယ်တွင် ဒီငွေစည်းစိမ်ပုံကြီးမှာ ပေါ်လာခဲ့လေသည်။

......
"ငါဒီနေ့ ချန်ရှန်းကိုတွေ့မိလိုက်သလိုပဲ၊ သေမလိုလန့်သွားတာပဲ၊ ဖုရှောက်က အကယ်ဒမီကို ပြန်လာပြီလား"
အထိတ်တစ်လန့်အမူအရာနှင့် ကျောင်းသားအေက တုန်ရီနေသည့်လေသံဖြင့် ဆိုလေသည်။

"မဟုတ်လောက်ပါဘူး၊ ငါသူ့ကိုယ်ရံတော်တွေကို မမြင်သေးဘူး"

ကျောင်းသား ဘီက ကျောင်းသားအေကို နှစ်သိမ့်လိုက်သည်။

"မင်း ထင်ယောင်ထင်မှားတွေ ဖြစ်နေတာများလား"

"ဘယ်လိုလုပ်ဖြစ်မလဲဟ၊ အဲလောက်ထွားကျိုင်းနေတာကြီးက ချန်ရှန်းကလွဲ ဘယ်သူ ရှိသေးလို့လဲ၊အကယ်ဒမီရဲ့ အထက်လူကြီးတွေက ဘာတွေစဉ်းစားနေလဲကို မသိတော့ဘူး...၊ သူတို့တွေ ဒီလိုအကောင်ကြီးကိုမှ ဝင်ခွင့်ပေးတယ်လို့၊ အရင်တစ်ခေါက်ကဆို လူသေလုနီးပါးပဲ..."

ကျောင်းသားအေ မျက်နှာက ဖြူဖျော့နေသည်။

"ဒါဆို ဖုရှောက်တကယ်ပြန်လာတာပဲဖြစ်မယ်၊ နောက်ပိုင်း ပိုဂရုစိုက်၊ ချန်ရှန်းကိုတွေ့တာက သေတွင်းထဲရောက်သွားသလိုပဲ"

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now