၁၁၃။ ဧကရီအနက်ရောင် (၂၇)

1K 177 0
                                    

ဧကရီအနက်ရောင် (၂၇)
~~~~~~~~~~~~~~~~~

ရှီရှန်း မြို့တော်ကနေ ထွက်ခွာသွားပြီး ဘီမြို့သို့ သူ့လူအုပ်ကို ပြန်ခေါ်သွားလေသည်။ သူမ မြို့တော်မှာ ကြာကြာနေဖြစ်မည်ဟု တွေးထားခဲ့သော်လည်း မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မည်ဟု မထင်ထားပေ။

သူမ ပထမက တွေးထားသည်ထက် ဒီတစ်ခေါက် quest က ပိုရှုပ်ထွေးတာကြောင့် သူမ ဟိုးအရင်ကတည်းက ဆုံးဖြတ်ထားသည့်အတိုင်း သူမ ပစ်မှတ် ဖြစ်သည့် ဇွန်ဘီအင်ပါယာ တည်ထောင်ခြင်းကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

'ငါ ဒီကမ္ဘာကို သိမ်းပိုက်ပြီး လူတွေကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးနိုင်တဲ့အခါကျရင် ငါ အမှန်တရားကို စုံစမ်းလို့ မရမှာကို ကြောက်နေစရာလိုမလား' ရှီရှန်း၏ နည်းလမ်းတို့က အမြဲတမ်း ရိုးရှင်းလှသည်။

သူမ ဘီမြို့ ဧရိယာနားသို့ ရောက်သော် သူမ၏ ညီနောင်လေးများ သူတို့ အခြေစိုက်စခန်း တည်နေရာ၏ အခြေခံ system ကို ရထားပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။ ရှီရှန်း သူတို့ရှေ့ ပေါ်လာသောအခါ သူတို့မျက်လုံးကိုတောင် သူတို့ မယုံနိုင်ဖြစ်သွားသည်။

'ဘော့စ် တကယ်ပဲ အစောကြီး ပြန်လာတာလား။ ဘော့စ် ဘီမြို့ကနေ ထွက်သွားတုန်းကတောင် (ငါတို့ ကိုယ်တိုင် မမြင်လိုက်ရပေမဲ့ပေါ့) ဒီအတိုင်း စိတ်ကူးလိုက်ရင်တောင် ငါတို့ကို စိတ်လှုပ်ရှားစေတာ။ အခု ငါတို့တွေးကြည့်ရင် ဇွန်ဘီ တွေကတောင် လုံးဝ ကြောက်ဖို့ မကောင်းဘူး'

လူအယောက်တစ်ရာကျော်ရုံလေးဆိုပေမဲ့ အခြေစိုက်စခန်း၌ လူများရှိနေပြီ ဖြစ်သည်။ အခြားအခြေစိုက်စခန်းတို့နှင့် ယှဉ်ရင် ဒါက နုံချာသော အရေအတွက် ဖြစ်နေသေးသည်။ ထို့ကြောင့် ရှီရှန်း သူမ ဇွန်ဘီ တပ်ကြီးကို ခေါ်သွင်းလာသောအခါ ထိုလူတို့မှာ ကန့်ကွက်ရန် မဆိုနှင့်၊ ချောင်းတောင် မကြည့်ရဲကြပေ။

ဇွန်ဘီတပ်ကြောင့် ရက်အနည်းငယ်အတွင်း သူတို့ အားသိပ်စိုက်မထုတ်လိုက်ရဘဲ အခြေစိုက်စခန်း အကြီးကြီးကို ဆောက်လိုက်နိုင်လေသည်။ အခြားသူများမှာ လက်ခံရန် ထိတ်လန့်နေရာမှ ကြောက်ရွံ့လာကြသည်။ ထို့ကြောင့် ဒီထောင်ချီရှိသည့် သူတို့က မူလနေထိုင် သူများဖြစ်လာပြီး ထို့နောက် ဒီလူတို့က <Fight Us> အခြေစိုက်စခန်း၏ တစ်ခုတည်းသော လူသားနေထိုင်သူများ ဖြစ်လာလေသည်။

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now