၃၇။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၇)

1.3K 230 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၁၇)

ရှီရှန်းသည် ကင်မရာမန်းကို အောင်အောင်မြင်မြင်နှင့် မောင်းထုတ်လိုက်နိုင်သည်နှင့် တောင်တက်လမ်းအတိုင်းစိတ်အေးလက်အေး တက်လေသည်။ ဘာပဲဖြစ်ဖြစ် ဗွီဒီယိုက တည်းဖြတ်ရမည် ဖြစ်သည်။

အစပိုင်းက ရိုက်မိထားသည့် အပိုင်းနှင့်တင် လုံလောက်သည်။ တောင်ထိပ်ရောက်သည့်အခါမှ

နည်းနည်း ထပ်ရိုက်ကူးလိုက်လျှင် အဆင်ပြေသွားမည်။

"လုချင်းယွင်၊ စောင့်ဦး၊ ငါ့ကို စောင့်ဦး။ မင်း စောနက စကားလျှော့ပြောလို့ မရဘူးလား။ အဲဒါက စီနီယာကွ... ဟေ့၊ ဟေ့...ဖြည်းဖြည်းကွ။ ငါ ဒီနေ့ မင်းအတွက် ဘယ်လောက်ထိ လုပ်ခဲ့ရလဲ သိရဲ့လား...

မစ္စကျန်း"

ဆုယီရှို့၏ ညည်းညူသံကနေ အံ့ဩသွာသည့် အော်သံသို့ ပြောင်းသွား၏။

"မစ္စကျန်း၊ မစ္စကျန်း၊ ဒီမှာ"

ရှီရှန်း အော်သံလားရာကို လှမ်းကြည့်လေသည်။ အခြားတောင်လမ်းလေး၌ ဆုယီရှို့က suit ဝတ်ထားကာ သူမကို စိတ်လှုပ်ရှားစွာဖြင့် လက်ပြလေသည်။ ယခု သူ့ပုံစံက ရယ်စရာဖြစ်နေ၏။

ထို့အပြင် သူက ယခုလက်ရှိ သူမ မေ့လျော့နေသည့် mission ၏ ပစ်မှတ် လုချင်းယွင်နှင့်

ရင်းနှီးလေသည်။

'အို၊ ငါလေး အဲဒါကိုလည်း မေ့တော့မလို့' ရှီရှန်း တောင်စောင်းကနေ ပြုတ်ကျသွားတာကြောင့် ဆုယီရှို့သူ့မေးရိုး ကြမ်းနှင့် ရိုက်လုနီးပါး လန့်ဖြန့်သွား၏။

''ဒီကောင်မလေးရဲ့ ကျန်းမာကြံံ့ခိုင်တဲ့ ဆဲလ်တွေက ကောင်းတယ်။ အယ်၊ လုချင်းယွင်နှင့် လုံးဝ

လိုက်ဖက်မှာ။ ကျန်းမာသန်စွမ်းတဲ့ အရူးနဲ့ ကျန်းမာသန်စွမ်းတဲ့ ဉာဏ်ကြီးရှင်၊ သူတို့ အပြန်အလှန်

တစ်ယောက် လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ပေးနိုင်တယ်။ လုံးဝ ပြည့်စုံတယ်'

ကျန်းဝမ်ကို ကြည့်သည့် ဆုယီရှို့၏အကြည့်က သူ့ချွေးမကို ကြည့်သည့်အတိုင်း ဖြစ်နေ၏။ ရှီရှန်းလို

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now