၅၄။ ဇာမဏီ၏ ခွန်းသံသာ (၃)

1.3K 218 5
                                    

ဇာမဏီ၏ ခွန်းသံသာ (၃)
~~~~~~~~~~~~~~~~~~

ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ကြောရှိသူများအားလုံးမှာ ဂိုဏ်းအသီးသီးတွင်း ရောက်နေပြီးဖြစ်သည်။ မျိုးနွယ်စုကြီးများတွင် ပါဝင်သူများ မဟုတ်လျင် ဂိုဏ်းဂဏကြီးများတွင် ဝင်ရောက် တပည့်ခံပြီးသူများချည်းသာ။ ထို့ကြောင့် တပည့်အသစ်ရှာလိုလျင် သေမျိုးနယ်ပယ်သို့ ဆင်းရှာရုံကလွဲ၍ အခြားနည်းမရှိတော့ပေ။

မြူဂိုဏ်းကတော့ ဂိုဏ်သားများကို သေမျိုးနယ်ပယ်သို့ သုံးနှစ်တစ်ကြိမ် စေလွှတ်ကာ တပည့်အဖြစ်လက်ခံရန် ဝိညာဉ်ကြောရှိသူများကို ရှာစေသည်။ ထိုသို့သွားသည့်အခါတိုင်း ဂိုဏ်းသားမြောက်များစွာ သွားလေ့ရှိသော်လည်း ဂိုဏ်းသားဆယ်ဦးတွင် တပည့်သစ်တစ်ဦးပင် ခေါ်မလာနိုင်။ ဤအချင်းအရာကို ကြည့်ခြင်းဖြင့် သေမျိုးနယ်ပယ်တွင် ဝိညာဉ်ကြောရှိပြီး ကျင့်ကြံနိုင်စွမ်းရှိသူ အလွန်ရှားပါးကြောင်းသိနိုင်သည်။

အရေအတွက်က အလွန်နည်းနေမှတော့ ထိုဂိုဏ်းကြီးများက သေမျိုးနယ်ပယ်သို့ အဘယ်ကြောင့် တပည့်အရှာထွက်နေသေးသနည်း။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းလောကတွင် အောင်မြင်၍ အင်အားကြီးမားသူအများစုသို့မဟုတ် တစ်ဝက်ကျော်မျှမှာ သေမျိုးနယ်ပယ်မှ တက်လာခဲ့သူများဖြစ်သောကြောင့်ဖြစ်သည်။ ချီစွမ်းအင်နည်းပါးသော သေမျိုးနယ်ပယ်မှာ ပါရမီရှင်လောင်းလျာများရှိနေခြင်းအကြောင်းကိုတော့ မည်သူမျှ မသိကြ။

ထို့ကြောင့် သေမျိုးနယ်ပယ်မှ ရသည့် တပည့်အရေအတွက်က သိပ်မများသော်လည်း ဂိုဏ်းကြီးများကတော့ သူတို့ ဂိုဏ်းသားများကို စေလွှတ်နေဆဲ။ ဂိုဏ်းသားများ အပြင်လောက အတွေ့အကြုံသစ်တိုးစေမည့်အပြင် တစ်ဖက်ကလည်း ကျင့်ကြံခြင်းလောကတွင် ထွန်းတောက်လာနိုင်မည့် ပါရမီရှင်လောင်းလျာကို တွေ့နိုင် ခေါ်လာနိုင်ပေမည်။

ညစ်ညမ်းစာပေများ - အာ - ဖီး... ကျင့်ကြံခြင်းနှင့် ပတ်သက်သည့်စာပေများ မရေမတွက်နိုင်အောင် ဖတ်ဖူးခဲ့သူ တစ်ဦးအနေနှင့် ရှီရှန်းပြောလိုသည်က -

Boss အဆိပ်မပြင်းလွန်းနဲ့...!Where stories live. Discover now