CHAPTER - [ 5 ]

8.1K 818 31
                                    


Unicode

-5- ( ပြင်ဆင်​ပြီး)

မလှမ်းမဝေးတဲ့ မင်းသားအဆောင်ဘေးနားက သစ်ပင်ကြီး တစ်ပင်အောက်မှာပဲ ရှောင်းကျန့်ကြိတ်ငိုနေမိသည်။သစ်ပင် ပင်စည်နဲ့ကိုယ်ကို ကွယ်ပြီး လက်ကိုကိုက်ကာ ရှိုက်သံမထွက်အောင်ပင် ငိုနေမိသည်။

ထိုအချိန် ဘေးနားကို တစ်ယောက်ယောက်ရောက်လာတာ ခံစားမိတာကြောင့် မျက်ရည်ကို လက်နှစ်ဖက်နှင့်အသေအချာသုတ်ကာ ဘေးနားရောက်လာသူကို ရှောင်းကျန့် မော့ကြည့်လိုက်သည်။

"ဝမ်ဟန်!"

ဝမ်ဟန်က ရှောင်းကျန့်လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး အံကြိတ်ကာ မေးသည်။

"ကျန့်ကို ဒီလိုငိုအောင် ဘယ်သူလုပ်လိုက်တာလဲ
ကိုယ့်ကို အခုပြောစမ်း!"

ရှောင်းကျန့်က သူ့ အတွက်နဲ့စိတ်ဆိုးဒေါသထွက်နေသည့် ဝမ်ဟန်ကို ခပ်ငေးငေးသာ ပြန်ကြည့်နေသည်။

"ဟိုကောင် အိမ်ရှေ့စံလား?"

"....."

"ဘာမှပြန်မပြောပုံထောက်ရင်တော့ သေချာနေတာပဲ။ အဲ့လိုအနိုင်ကျင့်မယ်လို့ ထင်နေတာကြောင့် လာကြည့်တာ ထင်တဲ့အတိုင်းပဲ!"

ဝမ်ဟန်က ရှောင်းကျန့်ပါးပေါ်မှာထပ်စီးကျလာတဲ့ မျက်ရည်တွေကို ဝတ်ရုံလက်နဲ့ သုတ်ပေးသည်။

"ကျန့်ကို ဘာလုပ်လိုက်တာလဲ ကိုယ့်ကိုပြော
ကျန့်ကို လုပ်တဲ့အတိုင်း အဲ့ကောင်ကို ပြန်လုပ်မယ်
အိမ်ရှေ့စံဖြစ်နေလည်း သောက်ဂရုမစိုက်ဘူး!"

"မဟုတ်ဘူး ဝမ်ဟန်.."

"ဘာကို မဟုတ်တာလဲ ကျန့်"

ဝမ်ဟန်က နားမလည်တဲ့မျက်လုံးတွေနဲ့ ရှောင်းကျန့်ကို ကြည့်ကာ မေးသည်။

"သူ....အိမ်ရှေ့စံမင်းသားက ငါ့ကို ဘာမှမလုပ်ပါဘူး"

"ဒါဆို ဒီမှာ ဘာလို့လာငိုနေတာလဲ ကျန့်"

"ငါ့ဘာသာငါ ဝမ်းနည်းလို့ပါ
ငါ့ကို ဂရုမစိုက်ပါနဲ့ ဝမ်ဟန်။မင်းနဲ့ငါက သူငယ်ချင်းတွေဆိုပေမဲ့ အဆင့်အတန်းချင်းမှ မတူတာ။
ငါ့ကို ဒီလိုတွေလာမေးနေမဲ့အစား မင်းသမီးလှလှလေးတွေနဲ့ ပျော်နေပါ"

After Agonising ,Will You Love Again? [ Completed ]Where stories live. Discover now