CHAPTER - [ 24 ]

8.3K 775 35
                                    

Unicode

-24- ( ပြင်ဆင်ပြီး )

"ရှောင်းရေ…"

"ကျွန်တော် ရှိပါတယ် အကိုစုန့်လန်"

အိမ်ထဲကနေ ဗိုက်ကလေးကိုင်ကာ ထွက်လာသည့် ရှောင်းကျန့်က ယောကျာ်းလေးကိုယ်ဝန်ဆောင်ပေမယ့် ကြည့်ရမဆိုးစွာ တစ်မျိုးလေး ချစ်ဖို့ကောင်းနေလေသည်။

"သတင်းတစ်ခုကြားလာလို့"

စုန့်လန်က လက်ထဲက ရှောင်းကျန့်အကြိုက် မြေပဲစေ့ထုပ်လေးကို ကမ်းပြီး ဆိုလာလေသည်။ရှောင်းကျန့်သည် ကိုယ်ဝန်ရှိသည့်နေ့ကစပြီး မြေပဲကိုသာ အခါခါ တောင်းစားသည်။

ကိုယ်ဝန်ဆောင်သူတို့၏ ထုံးစံအတိုင်း ရှောင်းကျန့်ကတော့
မြေပဲစေ့ကိုသာ အခုထိ နေ့မပြတ်စားနေတော့သည်။
စုန့်လန်ကလည်း အပြင်ထွက်ပြီး ပြန်လာသည့်အခါတိုင်း မမေ့မလျော့ ဝယ်လာပေးတတ်လေသည်။

"ဘာသတင်းများလဲ အကိုရဲ့"

"တို့နိုင်ငံရဲ့ ဘုရင်က ဒီမြို့မှာ မိဖုရား လာကောက်သည်တဲ့"

"ဟင်"

ရှောင်းကျန့်သည် စုန့်လန်မှဆိုသော ဘုရင်ဆိုသည့် အခေါ်အဝေါ်ကြောင့်  မေ့ထားခဲ့မိသော အကြောင်းအရာများ ဦးနှောက်ထဲတွင် တရိပ်ရိပ်ပေါ်လာလေသည်။

သူ ချစ်ရသော အရှင်က တိုက်ဆိုင်စွာပင် ဒီလိုနေရာမှာ မိဖုရားလာကောက်သည်တဲ့လား။

"အရှင်ကိုယ်တိုင် ကြွားလာတာတဲ့ ရှောင်းရေ…"

စုန့်လန်က သူ့ စကားနဲ့သူ ဆက်ပြောနေရင်း ရှောင်းကျန့်ဘက်ကို ကြည့်လိုက်တော့ မျက်ဝန်းလှလှလေးမှာ အရည်ကြည်တွေ ရစ်သိုင်းနေတာ တွေ့ မြင်ရလေသည်။

ထိုအခါမှ ပြာပြာသလဲထပြီး အလုပ်ရှုပ်ဟန် ဆောင်ရသည်။ ဒီစည်းမစောင့်တဲ့ ပါးစပ်ကလည်း ဘာတွေ သွားပြောမိပါ့လိမ့်။သူသာ မပြောပြရင် ရှောင်းက သိမှာ မဟုတ်ဘူးကို။

အခုတော့ ရှောင်းက ဘုရင်လို့ကြားလိုက်တာနဲ့ မျက်ရည်တွေတောင် ဝဲတက်လာနေပြီ။မင်း တော်တော် အလိုက်မသိတတ်တာပဲ စုန့်လန်။

အခုထိ ရှောင်းကို သေချာမစောင့်ရှောက်ဘဲ နာကျင်အောင် လုပ်ချင်နေတယ်။

After Agonising ,Will You Love Again? [ Completed ]Where stories live. Discover now