CHAPTER - [ 11 ]

7.5K 778 44
                                    

Unicode

- 11 - ( ပြင်ဆင်ပြီး)

အရှင့်သားကို သူပုန်ကောင်လူတွေ ခေါ်သွားပြီးတာနဲ့ စုန့်လန်က ရှောင်းကျန့်ဆီသို့ ခြေလှမ်းလာသည်။ဒီတစ်ခါတော့ လက်ကို ကြိုးမချည်ထားတာကြောင့် လက်သီးဖြင့်ထိုးရန် ရှောင်းကျန့် ကြံရွယ်နေလိုက်သည်။

ဖြောင်း!

ရုတ်တရက် ဘယ်ဘက်ပါးက နာကျင်မှုနဲ့အတူ ရှောင်းကျန့် အနည်းငယ် အံ့သြသွားရသည်။

"ဟက်…အခုနကောင်က မင်းတို့ တစ်ဖွဲ့ တည်းကမလား…"

ရှောင်းကျန့် သူပုန်ကောင်ရဲ့ ဥာဏ်ပြေးမှု့ ကိုတော့ တကယ့်တကယ်ကို အံ့သြမိသွားသည်။ဒီလိုကောင်ကို ဖမ်းနိုင်ဖို့ အရှင့်သား တော်တော့်ကိုပင် ကြိုးစားရဦးမည်။

သူ မေးတာကို ဘာမှမပြောဘဲ အံကြိတ်ကာ အလှလေးက တင်းမာသောမျက်နှာဖြင့် ပြန်လည်မော့ကြည့်နေသည်။စုန့်လန်က သူရိုက်ခဲ့သော အလှလေး၏ ပါးပြင်လေးအား နမ်းရန်ပြုလိုက်သည်။လျှင်မြန်လွန်းသည့် အလှလေးကလည်း လက်ဖဝါးနုနုလေးနဲ့ စုန့်လန်ပါးကို ပြန်ရိုက်လေသည်။

"ပြီးရင် အဲ့ရိုက်ခဲ့တဲ့ပါးကို အလှလေး နမ်းရမှာနော်"

ရှောင်းကျန့် ထပ်မံစွာပင် သူပုန်ကောင်ရဲ့ဘယ်ဘက်ပါးကို လက်သီးဖြင့် ထိုးလိုက်သည်။အရှိန်မထိန်းနိုင်သော စုန့်လန်က အနောက်သို့ လန်ကျသွားပြီး ဒေါသကလည်း အခုနထက် ပိုမိုတောက်လောင်လာသည်။

"တောက်ခ်!!
မင်းကများ ငါ့ကို ရာရာစစ…
အပြင်ကကောင်တွေလာစမ်း!ဒီအထဲကောင်ကို အခုနဝင်လာတဲ့ သူဘုန်းစားကောင်နဲ့ တစ်ခါတည်း အချုပ်ချထားလိုက်!"

စုန့်လန်က နှုတ်ခမ်းထောင့်က စီးကျနေသော သွေးကို သုတ်ကာ ရှောင်းကျန့်အနားသို့ ပြန်လာသည်။ဒီတစ်နေ့အတွင်းပင် အရှေ့က အလှလေးကြောင့် နှုတ်ခမ်းသွေးထွက်တာ နှစ်ခါရှိပြီ ဖြစ်သည်။

"မင်း ဒီနေ့တော်တော်လွန်နေပြီ…
ဒါပေမဲ့ မင်းက အလှလေးမို့ ငါ ခွင့်လွှတ်လိုက်မယ်…
အခုတော့ မင်းရဲ့တစ်ဖွဲ့ တည်းကောင်နဲ့သွားပြီး အစာငတ်ခံလိုက်ဦး"

After Agonising ,Will You Love Again? [ Completed ]Where stories live. Discover now