CHAPTER - [ 30 ]

6.1K 452 11
                                    

Unicode

-30- ( ပြင်ဆင်ပြီး )

၅ နှစ်သားကျော်ကျော်ဖြစ်လာသည့် ယွမ်အာလေးက အဆောင်တော်တွေကြား ပြေးလွှားဆော့ကစားကာ ဖခမည်းတော်ကိုတစ်လှည့် ပါပါးရှောင်းကိုတစ်လှည့် တစ်ယောက်တစ်မျိုးစီ ဆိုးကာ ချစ်မွှေးရှာနေလေသည်။

"ယွမ်အာ ဘယ်သွားမလို့လဲ။
အခုက ညကြီးမိုးချုပ်နေပြီ မင်းသားလေးရယ်။
ကျွန်တော်မျိုးကျိရန်ကို သနားသောအားဖြင့် အိပ်ဆောင်တော်ကိုပြန်တော်မူပြီး နားနေတော်မူပါတော့!"

အရှင့် ကိုယ်ရံတော်က အရှင်တို့နှစ်ယောက် လွတ်လွတ်နေပါစေဆိုတဲ့ စိတ်စေတနာကောင်းလေးဖြင့် မတရားဆိုးနေသော မင်းသားငယ်လေး ယွမ်အာကို ထိန်းဖို့ တာဝန်ကျလာလေသည်။

ဒီညမှာ ကြင်ယာတော်ရှောင်းက အရှင့်အဆောင်ဆီကူးပြီး
ချိုမြိန်သောညလေးကို ဖန်တီးနေချိန်မှာ သားတော်အဆိုးလေးက ပါပါးရှောင်း ဘယ်ရောက်နေသလဲဆိုတာ တကြော်ကြော် ဟစ်ကြွေးရင်း လိုက်ရှာနေလေသည်။

"ဒါဆို ပါပါးရှောင်း ဘယ်ရောက်နေသလဲဆိုတာ ယွမ်အာကို ပြောလေ! ပါပါးရှောင်း မရှိရင် အဲ့အဆောင်မှာ မနေချင်ဘူး"

ကိုယ်ရံတော် ကျိရန်တစ်ယောက် လက်ထဲက ကိုင်ထားတဲ့ ဓားနဲ့သာ ကိုယ့်လည်ပင်းကိုယ် ဖြတ်သတ်လိုက်ချင်တယ်။
ဘယ်သူနဲ့တူလို့ ဒီလောက် ဂျစ်ကျနေမှန်း မသိဘူး။
အရှင်တို့ကလည်း ဒီအချိန်လောက်ဆို…ဟင်း။
သွားပို့လို့လည်း မဖြစ်ဘူး။

အခုမှ လူပျိုကြီးရှိသေးတယ်။စောစောစီးစီး အရှင့်ဓား လည်ပင်းပေါ် မတင်စေချင်သေးဘူး။သားကို ကြောက်ရ အဖေကို ကြောက်ရနဲ့ ကျိရန် ဘယ်လိုလုပ်ရပါ့မလဲ?

ပုတလက် ပုတလက်နဲ့ ခါးထောက်လို့ ဟိုဘက်ဒီဘက် လျှောက်နေတဲ့ မင်းသားလေးယွမ်အာကို လှမ်းကြည့်ပြီး တဖြည်းဖြည်း တိုးသွားလိုက်သည်။

"တောင်းပန်ပါတယ် မင်းသားလေး။
ဒီတစ်နည်းပဲ ရှိတော့လို့ပါ"

ပါးစပ်က ပြောလည်းပြော လက်ကလည်း မင်းသားယွမ်အာရဲ့ ဂုတ်ပေါ်က မေးကြောကို ရိုက်ချလိုက်သည်။
လက်ထဲ ပြိုကျလာသည့် ကိုယ်လေးကို ပွေ့ ပိုက်လို့ အဆောင်တော်ထဲက သလွန်တော်ဆီ တင်ပေးရင်း နောက်တစ်ဖန် တောင်းပန်စကား ဆိုလိုက်လေသည်။

After Agonising ,Will You Love Again? [ Completed ]Where stories live. Discover now