CHAPTER - [ 14 ]

7.5K 756 85
                                    

Unicode

-14 - [ ပြင်ဆင်ပြီး]

သူ၏လည်တိုင်အား မက်မောစွာ နမ်းရှိုက်နေသော အရှင့်သားအား ပုခုံးနှစ်ဖက်ကို အသာတွန်းလိုက်သည်။အရှင့်သားက စိတ်အလိုမကျစွာ သူ့ အား ပြန်လည်စိုက်ကြည့်လို့လာသည်။

အရှင့်သားရဲ့ ပါးနှစ်ဖက်ကို အုံ့ကိုင်ပြီး နဖူးပြင်အား မြတ်နိုးစွာ ရှောင်းကျန့် နမ်းလေသည်။

"အရှင့်သားကို တစ်ခုလောက်မေးလို့ရမလားဟင်"

ရှောင်းကျန့်က အောက်နှုတ်ခမ်းကို သွားဖြင့်အသာဖိပြီး ရှက်သည့်ဟန် ပုံပေါ်သည်။ဝမ်ရိပေါ်က အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးရင်း မေးလေဆိုသည့်သဘောဖြင့် မျက်ခုံးနှစ်ဖက်ကို ပင့်ပြသည်။

"ဘာလို့ ကျွန်တော်နဲ့ နှီးနှောချင်ရတာလဲ...
တကယ် ကျွန်တော် ထင်တာမမှားဘူးဆိုရင် အရှင့်သားလည်း ကျွန်တော့်ကို စိတ်ဝင်စားတော်မူနေတာလားဟင်"

ရှောင်းကျန့် သူသိချင်နေသောအရာကို အရှင့်သားဆီမှ ဘယ်လိုအဖြေဖြစ်နေပါစေ ကြားဝံ့တာကြောင့် ရဲတင်းစွာပင် မေးလိုက်သည်။

အရှင့်သားက ခဏတာတွေဝေသွားပုံပေါ်သည်။ သူ့ အပေါ် အုံ့မိုးနေရာမှ ဖယ်သွားပြီး မတ်တပ်ရပ်ကာ ဝတ်ရုံကို ကျနစွာ ပြန်ပြင်ဆင်နေလေသည်။

"ငါ့ကိုယ်ငါ မသိဘူး"

အရှင့်သားက ထိုစကားကိုပြောပြီး နောက်ကျောပေးကာ တစ်ဖက်လှည့်သွားလေသည်။တောင့်ဖြောင့်သော ကျောပြင်က သူ့ နှလုံးသားကို တဒိတ်ဒိတ်ခုန်စေပြန်သည်။

မချစ်သင့်သည့်နှလုံးသားက မထိန်းသိမ်းနိုင်စွာ ချစ်မိတဲ့အခါ ပြန်ရသည့်အကျိုးရလဒ်က နာကျင်မှု့ သာ။သူ့ လိုလူမျိုးကို မျိုးရိုးမြင့်သည့် အရှင့်သားက ပြန်လည် ချစ်မြတ်နိုးရန် ဘယ်လိုမှ မဖြစ်နိုင်။

သူ အိပ်ယာပေါ်မှ အသာထပြီး နောက်ကျောပေးနေသည့် အရှင့်သားအား အနောက်မှ သိုင်းဖက်လိုက်သည်။

"ခဏလေးပါပဲ ဖက်ပါရစေ"

အရှင့်သားက သက်ပြင်းအရှည်ကြီး တစ်ခုကို ချသည်။အရှင့်သား စိတ်ရှုတ်အောင် သူပြုမူမိသည် ထင်။

After Agonising ,Will You Love Again? [ Completed ]Where stories live. Discover now