မိတ်ဆက်
1.4K 70 0
သာမာန်တက္ကသိုလ်ကျောင်းသားလေးတစ်ဦးဟာ တခြားကမ္ဘာက တော်၀င်မိသားစုထဲကို ဝိဉာဉ်ကူးပြောင်းခံရပြီး ထီးနန်းဆက်ခံသူတစ်‌ယောက်ဖြစ်လာခဲ့သည်။
အကြံအစည်‌အပြည့်နဲ့ ရန်သူတွေပတ်လည်ဝိုင်းနေတဲ့ နန်းတော်ထဲမှာနေထိုင်ရတဲ့ဘ၀ဟာ ရှောင်လွှဲလို့မရအောင် ခက်ခဲလွန်းလှသည်။
သည်ကမ္ဘာမှာ သည်လူရဲ့တစ်ခုတည်းသောဆန္ဒက သူ့ရဲ့"ညီငယ်လေး"ကို ကာကွယ်နိုင်ဖို့ပဲဖြစ်သည်။
သူ့ရဲ့ညီငယ်လေး လုံခြုံဖို့နဲ့ ထီးနန်းကိုဆက်ခံနိုင်ဖို့အတွက် မည်သည့်အရာကိုမဆို တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ သူကျူးလွန်လုပ်ကိုင်မှာပဲဖြစ်သည်။
သို့သော် သူကာကွယ်ဖို့ကျိန်ဆိုထားတဲ့သူဟာ သူ့ရဲ့နောက်ကျောကိုဓားနဲ့ထိုးတဲ့လူဖြစ်နေလိမ့်မယ်လို့ သူတစ်ခါမှမမျှော်လင့်ခဲ့ဖူးပါ။
မြေအောက်အကျဉ်းထောင်ထဲမှာ ၃နှစ်အပိတ်ခံရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်။
ထို့နောက် သူသေလုမြောပါးဖြစ်နေတဲ့အချိန်မှာ မြစ်ထဲကိုပစ်ချခံခဲ့ရသည်။
သူနိုးလာတဲ့အခါမှာ တခြားနေရာတွေနဲ့မတူဘဲ ငြိမ်းချမ်းတဲ့နေရာမှာ သူ့ကိုယ်သူပြန်တွေ့လိုက်ရသည်။
ထိုနေရာမှာ လူတိုင်းဟာ ထင်ရတာထက် ပိုသံသယဖြစ်စရာကောင်း....
[ဒီဇာတ်လမ်းဟာ စိတ်ဒဏ်ရာတွေကနေ ရုန်းထွက်ပြီး ပျော်ရွှင်မှုကိုရှာဖွေတဲ့အကြောင်းဖြစ်ပါသည်။]
20 May, 2021
20 May, 2021
နွေဦးသစ်ပင် နေ၀င်တိမ်တိုက် {Spring Trees and Sunset Clouds}Where stories live. Discover now