အခန်း (၃)

140 38 2
                                    

Unicode

ဟင်းသီးဟင်းရွက်ဥယျာဉ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် အနောက်ဘက်မှာရှိသည့် မီးဖိုချောင်ဆီသို့ပြန်လာခဲ့သည်..။ သူတံခါးကိုတွန်းဖွင့်လိုက်တော့ သူ့ဘက်ကိုကျောပေးထားသည့် သဏ္ဍာန်တစ်ခုက မီးဖိုးဘေးတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်..။ ချက်ချင်းသူသတိထားလိုက်မိသည်က ရုံး၀တ်စုံ... ကျွန်ုပ်တို့၏ စင်ကြယ်သောခရိုင်တရားသူကြီးမှလွဲလျှင် သူကဘယ်သူများနည်း..။

သူ့ဘက်အားကျောပေးထားသည့်သူအား ကြည့်ရသည်မှာ ပိန်ရှည်လှသည်.. သို့သော် သူ၏နောက်ကျောမှာ ဖြောင့်မတ်နေပြီး သူ့နားကလေထုကတော့ ဖျတ်လတ်ကြော့ရှင်းနေသည်..။ ထိုနေရာတွင် ထိုလူရပ်နေသည်မှာ  " ဟော်တောင်တန်းမှကြိုးကြာ၊ ဟွားတောင်တန်းပေါ်မှတိမ်တိုက် " ဟန်နှယ်..။ ဖြောင့်မတ်သည့်အရှိန်အဝါကိုပေးစွမ်းကာ သန်မာသောစရိုက်လက္ခဏာကိုပိုင်ဆိုင်၏။

(ဟော်တောင်တန်းပေါ်မှကြိုးကြာ၊ ဟွားတောင်တန်းပေါ်မှတိမ်တိုက် - ထန်ခေတ်ကဗျာဆရာ စစ်ကုန်းထူ၏ ကဗျာစာသားဖြစ်သည်။

LUX'S NOTE-ကဗျာဆရာက ဟော်တောင်တန်းပေါ်မှာပျံဝဲနေတဲ့ကြိုးကြာ၊ ဟွားတောင်ထိပ်မှကူးခတ်နေတဲ့တိမ်တိုက်ဖြူတွေနဲ့ အမြစ်တွယ်နေစရာမလိုပဲ ‌လေဟုန်စီးနိုင်တဲ့သစ်ရွက်တွေလိုမျိုး တစ်ယောက်တည်အံချီးမဆုံး ကိုယ့်သဘောအတိုင်းလွတ်လပ်၀င့်ဝါပြီး အဝေးကြီးကိုလမ်းလျှောက်သွားချင်တဲ့အကြောင်းကိုရေးထားတာပါ။ ၀တ္ထုထဲမှာတော့ ရပ်နေတာက ၀င့်၀င့်ကြွားကြွားဖြစ်နေပုံ
ကို ခိုင်းနှိုင်းတဲ့အနေနဲ့သုံးထားတာပါ။ ကဗျာကိုတော့ ထည့်ရေးချင်လို့ ၃နာရီလောက်ရှာပေမယ့် မတွေ့လို့ပါ။ )

ထိုလူက သူရှိနေသည်ကို သတိပြုမိသောကြောင့်ထင့်.. သူ့ဘက်ကို ခေါင်းလှည့်လာသည်..။

ထိုလူကိုမြင်လိုက်သည်နှင့် တစ်ခဏမျှရင်သပ်ရှုမောမိသွားသည်..။ သူသည် ကမ္ဘာပေါ်ရှိရှိသမျှ အလှလေးမှန်သမျှကို တွေ့မြင်ခဲ့ဖူးသည်တော့မဟုတ်.. သို့သော်ငြား ဖုန်းကျွင်းတွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့သည့်နောက် သူ၏ရာထူးဂုဏ်သိန်အနေအထားကြောင့် အောင်မြင်ပြီး အရည်အချင်းပြည့်၀သည့် လူအချို့နှင့် အမှတ်မထင်တွေ့ဆုံခဲ့ဖူးပါသည်..။ ထိုသူတို့၏ ခန့်ညားသော သို့မဟုတ် လှပသောအသွင်တို့မှာ သဘာ၀အားဖြင့် အထူးအဆန်းမဟုတ်သည်သာမက... ဧကရာဇ်၏မောင်းမဆောင်အတွင်းမှ ကိုယ်လုပ်တော်များမှာ တိုင်းပြည်၏ ကျော်ကြားလှသည့် အလှပဂေးများဖြစ်ကြသည့်ဆိုသည့်အချက်မှာလည်း မထူးခြားလှပေ..။ ထို့ကြောင့် သူသည်အသွင်အပြင်အားဖြင့် ဖျားယောင်းသွေးဆောင်ခံရနိုင်ဖွယ်မရှိ..။

နွေဦးသစ်ပင် နေ၀င်တိမ်တိုက် {Spring Trees and Sunset Clouds}Where stories live. Discover now