အခန်း(၁)

434 57 2
                                    

Unicode

မီးတွေလောင်နေတာကြောင့် ရှူရှိုက်မိသော လေထုသည်ပင်လျှင် စူးရှတဲ့မီးလောင်ညှော်နံ့တွေ ပြည့်နေခဲ့သည်။ ပြင်းထန်သောနာကျင်မှုအောက်တွင် သေခြင်းတရားက သူနဲ့နီးကပ်လာပြီဖြစ်ကြောင်း မှန်းဆမိသည်။

သူအမှန်တကယ်သေဆုံးသွားခဲ့ပြီ။ သူ့ရဲ့မျက်လုံးတွေကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်တဲ့အခါ သူဟာတခြားသောကမ္ဘာတစ်ခုက တိုင်းပြည်တစ်ပြည်မှာ ကလေးလေးတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရသည်။ အိပ်ယာပေါ်က သူ့ရဲ့ဘေးမှာ နောက်ထပ်ပိုငယ်တဲ့ကလေးတစ်ယောက်က လဲလျောင်းနေသည်။

သူ့ရဲ့လက်ရှိအနေအထားက ထိုတိုင်းပြည်ရဲ့ မင်းသားတစ်ပါးဖြစ်ပြီး သူ့ဘေးက ကလေးက သူနဲ့အမေတစ်ယောက်ထဲကမွေးတဲ့ သူ့ရဲ့ညီငယ်လေးဖြစ်သည်။

ယခင်ကသူသည် သာမာန်ဒုတိယနှစ်ကောလိပ်ကျောင်းသားလေးဖြစ်သည်။ ငြိမ်းချမ်းသောအချိန်ကာလမှာမွေးပြီး ပျော်ရွှင်ဖွယ်မိသားစုထဲမှာ နေထိုင်ခဲ့သည်။

သို့သော် ယခုအချိန်တွင်တော့သူသည် မက်မောစရာကောင်းပေမယ့် မှောင်မိုက်နေသည့် တော်၀င်မိသားစုထဲရောက်နေပြီး အာဏာလုတိုက်ပွဲများ၏ အလယ်ဗဟိုတည့်တည့်တွင် ရပ်မိနေလေသည်။

တစ်ပတ်အတွင်းမှာပဲ သူသည် အရေးမပါတဲ့ အားနည်းချက်တွေနဲ့ ကံကောင်းမှုကို လက်လွှတ်လိုက်သည်။ သူသည် ‌‌အလွန်ပျော်ရွှင်သောကျောင်းသားလေး နောက်ထပ်မဖြစ်နိုင်တော့။ သူ့ရဲ့ညီငယ်လေးနှင့် သူကိုယ်တိုင်အတွက် အသက်ဆက်ရှင်ခဲ့ရသည်။ သူ့ရဲ့မိခင် ကိုယ်လုပ်တော်ဟာ သူနိုးထပြီးပြီးချင်းမှာပဲ နန်းတော်အတွင်း ရာထူးအာဏာအတွက် ယှဉ်ပြိုင်တိုက်ခိုက်မှုတွေကြောင့် အဆိပ်မိပြီးသေဆုံးသွားခဲ့သည်။ ယခုကဲ့သို့ သူ့ရဲ့ဘ၀ကို အသစ်တစ်ဖန်ပြန်စတင်နိုင်ရသည့် အကြောင်းရင်းမှာ ခန္ဓာကိုယ်၏ မူလပိုင်ရှင်က သေဆုံးသွားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါကြောင့်ပဲသူဟာ မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ကို ငှားပြီး အသက်ရှင်နိုင်တာဖြစ်နိုင်သည်။

သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်တာနဲ့ အကျွမ်းတ၀င်မရှိတဲ့ သည်ကမ္ဘာပေါ်မှာ ပထမဆုံးမြင်ရတဲ့အရာက ထိုကလေးလေးဖြစ်သည်။ ဖြစ်နိုင်သည်က ရယ်စရာကောင်းအောင် စိတ်ထဲစွဲထင်ကျန်ရစ်ခဲ့တာဖြစ်နိုင်သည်။ အသက်ရှင်ဖို့အကြောင်းပြချက်ရှာချင်တာကြောင့်လည်းဖြစ်‌ကောင်းဖြစ်နိုင်တာကြောင့် ထိုကလေးဟာ သူနဲ့အကျွမ်းမ၀င်တဲ့လောကကြီးမှာ တစ်ခုတည်းသောပေးဆပ်မှု တစ်ခုတည်းသောအကြောင်းပြချက်အဖြစ်မှတ်ယူခဲ့သည်။

နွေဦးသစ်ပင် နေ၀င်တိမ်တိုက် {Spring Trees and Sunset Clouds}Where stories live. Discover now