part5

417 38 0
                                    

Zawgyi

XZ: မင်းဘာ​ပြောတယ်

YB: ဆင်း​တော့လို့ ​ပြော​နေတာ​လေ ခနခန​ဖြေ​နေရတယ်​ မင်းနားကန်းသွားတာလား

ရိ​ပေါ်ရဲ့စကား​ကြောင့်​ ဉီး​လေးကျန်း ကအလန့်​တကြားဝင်​​ပြောလိုက်​သည်​။

C: ဒီလို​တော့ မဖြစ်​ပါဘူး ဝမ်​သခင်​​လေး ​။ ​ရှောင်းသခင်​​လေး ကအ​အေးဒဏ်​ခံလို့ မဖြစ်​.....

ဉီး​လေးကျန်းစကားမဆုံးခင်​ ဝမ်​ရိ​ပေါ်က လက်​ကာပြလိုက်​ပြီး

YB: သိတယ်​ ဘယ်​သူကမသိလို့လဲ ကဲ ​ပြော​နေရတာ ကြာတယ်​ မင်းဆင်းမှာလား မဆင်းဘူးလား မင်းမဆင်းရင်​ငါ ကန်​ချမှာ ​နော်​ ငါ့အ​ကြောင်းမင်းသိပါတယ်​ မလုပ်​ဘူးမထင်​နဲ့​နော်

ရှောင်​ကျန့်​ မျက်​ရည်​ ကြည်​​လေး​တွေ နဲ့သာ ရိ​ပေါ်ကိုတစ်​ချက်​ကြည့်​ပြီး ဆင်းလာလိုက်​သည်​။ ဝမ်​ရိ​ပေါ် သူ့ကိုဒီလိုအနိုင်​ကျင့်​တာ ပထမဆုံးအကြိမ်​မဟုတ်​​တော့ ​ပေမဲ့ ရိ​ပေါ် သူ့အ​ပေါ်ဒီလိုဆက်​ဆံတိုင်း မရိုးသွားတဲံ့နာကျင်​မှုမျိုး နဲံ အမြဲနာကျင်​​နေရတက်​သည်​။ ကားထဲမှာ အ​နွေးဓာတ်​​ပေး ထားလို့သိပ်​မသိသာ​ပေမဲ့ ကားအပြင်​​ရောက်​ ​တော့ အ​အေးဓာတ်​ ကသိသိသာသာပင်​ နှင်း​တွေကလည်း ​ရှောင်​ကျန့်​ကို သနားပုံမ​ပေါ်ပါ ပို၍သာ ​​ဖွေး​ဖွေးလှုပ်​​အောင်​ ကျ​နေသည်​။မားမနက်​က ထမင်းဘူးနဲ့အတူ မားကိုယ်​တိုင်​ ထိုး​ပေးထားတဲံ မာဖလာအနီ​လေး ထည့်​​ပေးလိုက်​တာကို ​ကျေးဇူးတင်​ရမည်​။အစကမလိုဘူလို့ထင်​ခဲ့​ပေမဲ့ သူ​ကြောင့်​အသုံးဝင်​သွားပြီ​လေ ။ ​ရှောင်​ကျန့်​ မာဖလာ​လေးကို လည်​ပင်းမှာပတ်​လိုက်​​တော့ အများကြီးမဟုတ်​​တောင်​ နည်းနည်း​တော့​နွေးသွားသည်​။

ရှောင်​ကျန့်​ နှုတ်​ခမ်း​လေးဟ လိုက်​တိုင်း အ​ငွေ့​လေး​တွေထွက်​လာသည်​။ ​ရှောင်​ကျန့်​ ​အေးစက်​​နေတဲံ့လက်​နှစ်​ဖက်​ကိုပွတ်​တိုက်​ရင်း နှုတ်​ခမ်းနားကပ်​၍ အာ​ငွေ့​နွေး​နွေး ​လေး​ပေးကာ ကားနဲ့​ဝေး​ဝေးကို​လျောက်​လာခဲ့သည်
နောက်​ကလိုက်​လာသည့်​​ခြေသံ ကြား​တော့ မဖြစ်​နိုင်​​ပေမဲ့ အဲ့​ခြေသံကို ရိ​ပေါ်ရဲ့​ခြေသံ ဖြစ်​စချင်​ခဲ့မိတယ်​။ တကယ်​လည်းမဖြစ်​ခဲ့ပါဘူး​လေ

ချစ်​တယ်​တဲ့လား(ချစ်တယ်တဲ့လား)Onde histórias criam vida. Descubra agora