Part-12

327 24 0
                                    

Zawgyi

ဒီ​နေ့ဆို  ​ကောထွက်​သွားတာ သုံးလ​တောင်​ ရှိခဲ့ပြီ ။ ​နေနိုင်​လိုက်​တာ ​ကောရယ်​ ကျွန်​​တော်​ ကို ဖုန်း​လေးတစ်​ချက်​ဆက်​ပြီး​တော့​တောင်​ အဆင်​​ပြေလားမ​မေးဘူး​နော်​ မ​မေးတာပဲ ​ကောင်းပါတယ်​​လေ ​မေးရင်​လည်းကျွန်​​တော်​ ညာ​နေရဉီးမယ်
တစ်​ခါ​တ​လေ ကျိုးချန်​တို့နဲ့​တွေ့ရင်​​တောင်​ ​ကောစကားနား​ထောင်​ပြီး ကျွန်​​တော်​ ညဘက်​​နောက်​ကျတဲ့ အထိမ​နေ​တော့ဘူး ဘာလို့ဆို ကျွန်​​တော်​ကို စိတ်​ပူပြီးထွက်​​စောင့်​​နေမဲ့ ​ကောမှမရှိ​တော့တာ တစ်​ခါတစ်​​လေ ​ကောဘက်​ကမဆက်​သွယ်​​တောင်​ ကျွန်​​တော်​ဘက်​က ​ကောအသံ​လေးဖြစ်​ဖြစ်​ ကြားချင်​လို့ ဖုန်း​ခေါ်ချင်​မိတယ်​ ​ကောရယ်​ ဒါ​ပေမဲ့ ပါးက ​ပြောတယ်​ ​ကောက ​ရှောင်းလုပ်​ငန်း​တွေအားလုံးလွဲ​ပြောင်းယူလိုက်​ပြီဆို ​ကောအရမ်းအလုပ်​​တွေ ရှုပ်​​နေမှာပဲ​နော်​ ကျွန်​​တော်​ ​ကြောင့်​နဲ့ ​တော့ ​ကောကို စိတ်​အ​နှောက်​အယှက်​ မဖြစ်​​စေချင်​ဘူး​ကောရယ်​ ​ကောကျွန်​​တော်​ ကို​ပေးထားတဲ့ ကတိကိုမ​မေ့ဘူးမလား​​ကော   အမြန်​ဆုံးပြန်​လာခဲ့ပါ​တော့ ​ကောရယ်
အိမ်​မှာရှိတဲ့ ​ကောရဲ့ အခန်းကို ​ကောရှိတုန်းကအတို​င်းပဲထားထားတာ ​ကောရဲ့အ​ငွေ့အသက်​​လေး​တွေ ရှိ​နေတုန်းပဲ ကျွန်​​တော်​ အဲ့အ​ငွေ့အသက်​​လေး​တွေ ခံစားမိတိုင်း​ကော ရှုးမတက်​လွမ်းတယ်​ ​နောက်​လဆို စာ​မေးပွဲ​တွေ​ဖြေရ​တော့မယ်​ ပြီးရင်​ ကျွန်​​တော်​လည်း ​ကောဆီလိုက်​လာခဲ့မယ်​ ​ကော ။ ​ကောမလာနိုင်​ရင်​ ​ကောဆီကျွန်​​တော်​ လာခဲ့မယ်​ 

တစ်​လကြာပြီး​နောက်

လေဆိပ်​မှာ လွယ်​အိပ်​ ​ပေါ့​ပေါ့ ပါးပါးတစ်​လုံးလွယ်​ပြီး ​လေယာဉ်​ထွက်​ချိန်​ကို ​စောင့်​​မျော်​​နေရသူ ​ကောကို​တွေ့ရ​တော့မယ်​ ဆိုတဲ့ အ​တွေးနဲ့တင်​ နှလုံးခုန်​​နေတာ မရပ်​တန့်​ နိုင်​​အောင်​ဘဲ ​ကောရယ်​ ​ကောကျွန်​​တော်​ကို မြင်​ရင်​ အရမ်းအံသြသွားမှာပဲ​နော်​ ကျွန်​​တော်​ ​​ကောနဲ့ ​ဝေး​နေရတဲ့ ၄လအတွင်း လွမ်းခဲ့ရသမျှ ​ကောကို အပြစ်​​ပေးရမယ်​ ​ကောရဲ့ နှုတ်​ခမ်း​လေးကိုပြစ်​ဒဏ်​ခတ်​ရမယ်

ချစ်​တယ်​တဲ့လား(ချစ်တယ်တဲ့လား)Where stories live. Discover now