Part-17

318 28 0
                                    

Zawgyi

လေဆိပ်​မှာ အကိုချန်​​ဖေးကို သွားကြိုရန်​ ရိ​ပေါ် ကို​ခေါ်ခဲ့ လိုက်​မိတာကို ​ရှောင်​ကျန့်​ အ​တော်​ပင်​ ​နောင်​တရချင်​​နေပါပြီ ။ အကိုချန်​​ဖေးကို ​တွေ့တည်းက မ​ကျေနပ်​သလိုတွန့်​ချိုး​နေတဲ့ မျက်​ခုံးနှစ်​ဖက်​ဟာ  ​​ဆွေး​နွေးစရာရှိတာ ​ဆွေး​နွေးရန်​ စား​သောက်​ဆိုင်​တစ်​ခု မှာထိုင်​​နေသည့်​ ယခုချိန်​ထိတိုင်​  ​ပြေ​လျော့သွားခြင်း  မရှိ​သေး​ပေ။ အကိုချန်​​ဖေးကို ​ရှောင်​ကျန့်​က ရိ​ပေါ်အပြုအမှု​တွေ အတွက်​ အားနာသလို​လေး ကြည့်​မိ​တော့ နားလည်​ပါတယ်​ဟူ​သော အကြည့်​နဲ့အတူ အပြုံးတစ်​ခုသာ ပြန်​​ပေး​တော့ ​ရှောင်​ကျန့်​ ပို၍ အားနာမိသည်​။

YB: ​စေ့စပ်​ထားတာ ကို ဘယ်​​တော့ ဖျက်​သိမ်း​ပေးမှာလဲ

XZ: ရိ​ပေါ်

ရိ​ပေါ် ရဲ့ ရုတ်​တရက်​​မေးလာတဲ့ ​မေးခွန်း​ကြောင့်​ ​ရှောင်​ကျန့်​ စားပွဲခုံ​အောက်​က ရိ​ပေါ် လက်​ကိုတင်းကြပ်​​အောင်​ ညှစ်​ထားရင်း တားလိုက်​မိသည်​။ ဒါ​ပေမဲ့ သူ့ဆီက ပြန်​ရလိုက်​တာက ငြိမ်​ငြိမ်​​နေဆိုတဲ့ အကြည့်​ တစ်​ခုသာ ​ရှောင်​ကျန့်​ကိုယ်​တိုင်​ကလည်း ရိ​ပေါ်ရဲ့ အဲ့လို့ အကြည့်​မျိုးကို အမြဲတမ်းငြင်းဆန်​နိုင်​ခြင်းမရှိခဲ့​ပေ။

CF: အကို့ ဘက်​က ဖျက်​သိမ်း​ပေးပါ့မယ်​ မကြာ​စေရဘူလို့လည်း အကို ကတိ​ပေးပါတယ်

YB: ဟုတ်​ပြီ​လေ ခင်​များစကားနဲ့ ခင်​များ​ပေါ့ မြန်​နိုင်​​လေ ပို​ကောင်း​လေပဲ ​စေ့စပ်​ထားတာ ဖျက်​သိမ်းပြီးတာနဲ့ ကျွန်​​တော်​က ​ကျန့်​​ကော ကို အမြန်​ဆုံးလက်​ထပ်​ထားချင်​တာ မသိနိုင်​ဘူး​လေ ဒီကြားထဲ ဘယ်​လိုလူ​တွေက ကလိမ်​ကကျစ်​ကျပြီး ​ကျန့်​ကောနဲ့ ကျွန်​​တော်​ ကို​ဝေး​အောင်​လုပ်​ဉီးမလဲဆိုတာ
ဒါ​ကြောင့်​ မြန်​မြန်​ ဖျက်​သိမ်း​စေချင်​တယ်

ရိ​ပေါ် ရဲ့ စကား အဓိပ္ပာယ်​ကို ထိုလု​နားလည်​​အောင်​ တည့်​​ပြောလိုက်​ခြင်း ဖြစ်​သည်​။ ဒီပြသာနာ​တွေ အစအဆုံးမှာ ကျန့်​​ကော ကို ခွင့်​လွတ်​နိုင်​​ပေမဲ့ ထိုလူကို​တေ့ လုံးဝခွင့်​မလွတ်​နိုင်​ ။ ကျန့်​​ကောက မသိလို့ ဆို​ပေမဲ့ သူ့က အကုန်​သိ​နေခဲ့တာပဲ​လေ ။ဒါကို တမင်​သက်​သက်​ ကျန့်​​ကောကို ညာ​ခေါ်သွားတဲ့ ထိုလူဟာ ရိ​ပေါ်ရဲ့ အမုန်းဆုံးရန်​သူ​ပေ ။ စ​တွေ့ထဲက ဟန်​​ဆောင်​ ပြုံးပြ​တာ​တောင်​ မလုပ်​ချင်​လို့ စိတ်​ထဲရှိတဲ့ အတိုင်း​နေခဲ့ လိုက်​တာ ကျန့်​​ကောက အဲ့လူကိုပဲ အားနာသလိုကြည့်​​နေတာ  ကိုယ့်​ဆီက ကိုယ့်​ချစ်​သူကို ဆွဲထုတ်​သွားတဲ့ ထိုလူ​ရှေ့မှာ ​ဒေါသစိတ်​ကို မနည်းထိန်းချုပ်​ပြီး​​နေ  ​နေရတဲ့ ရိ​ပေါ်ရဲ့ စိတ်​ကို​တော့ သူမြင်​​အောင်​မကြည့်​ခဲ့ဘူး

ချစ်​တယ်​တဲ့လား(ချစ်တယ်တဲ့လား)Waar verhalen tot leven komen. Ontdek het nu