Part-8

435 32 0
                                    

Zawgyi

YB: ကျန့်​​ကော  ​ရေချိုး​နေတာမပြီး​တော့ဘူးလား ​တော်​​တော်​ကြာ​နေပြီ​နော်

XZ:မကြာ​သေးပါဘူး ​ကောဝင်​တာ ခုနကမှ​လေ ​ရေ​တောင်​မထိရ​သေးဘူး

YB:ဟာ​ ​ကောဝင်​သွားတာ ၃မိနစ်​နဲ့ ၅စက္ကန့်​ရှိပြီ ​ရေ​တောင်​မထိရ​သေးဘူး ​ကော ကျွန်​​တော်​ ဝင်​လာရမှာ လား​ပြော

XZ:ဝင်​​တော့ဝင်​မလာနဲ့ ​ကောလာပြီ ​ကောလာပြီ

ဝမ်​ရိ​ပေါ်ဆိုတဲ့ အဲ့​ကောင်​​လေးဟာ​လေ အရင်​ကလည်း အနိုင်​ကျင့်​လို့ စိတ်​ရှုပ်​ရတယ်​ အခုလည်း ဂရုစိုက်​လွန်းလို့ကိုစိတ်​ရှုပ်​ရတယ်​ ။ဆေးရုံကဆင်းကတည်း က လူကိုအရိပ်​တကြည့်​ကြည့်​နဲ့ ​ခြေ​ထောက်​​တောင်​မကြွခိုင်းဘူး ခိုင်းစရာမလို​အောင်​ အလိုက်​တသိ အကုန်​လုပ်​​ပေးတယ်​ အနားမှာလည်း​တောက်​​လျောက်​ကိုရှိ​နေ​တော့တာ

အခုလို​ရေချိုးချိန်​မှာလည်း နာရီတကြည့်​ကြည့်​နဲ့ ​ရေချိုးခန်း​ရှေ့မှာ မထွက်​မချင်း တကျီကျီ နားပူ​အောင်​လုပ်​ပြီ​လေ ​ရှောင်​ကျန့်​မှာ ဂရုစိုက်​ခံ​နေရတာလား အပြစ်​လုပ်​ထားလို့​စောင့်​ကြည့်​ခံ​နေရတာလား ​တောင်​ မသိ​တော့​ဘူး။ ဒါ​ပေမဲ့ ရိ​ပေါ်ဆီက ဒီလိုဂရုစိုက်​မှု​တွေခံရလို့ အတိုင်းမသိ ​ပျော်​​နေတာကို​တော့ ​ရှောင်​ကျန့်​ ဝန်​ခံမိပါတယ်​။

အခုလည်း ကိုယ်​​တော်​​ချော ရဲ့​တကျီကျီ​အော်​သံ​ကြောင့် ​ခေါင်းကိုပဲ အမြန်​​လျော်​ပြီး ​ခြေလက်​သန့်​စင်​ကာ ထွက်​လာရသည်​။ အင်္ကျီနဲ့​ဘောင်းဘီကိုလည်း ​ရေချိုးခန်းထဲမှာပဲ လဲလိုက်​​တော့သည်​ ။ အပြင်​မှာလဲလို့လည်းမရဘူး​လေ ဝမ်​ရိ​ပေါ်က ရှိ​နေမှာ အပြင်​ကို ထွက်​ခိုင်းရင်​လည်း ရှက်​လို့လားဆိုတာက ​မေး​သေးတယ်​ ရှက်​လို့ ဆို​ပေမဲ့လည်း ရှက်​လို့ဆိုပြီး မ​ဖြေချင်​ပါဘူး အဲ့လိုသာ​ဖြေလိုက်​ရင်​  ရိ​ပေါ်ဆိုတဲ့သူက ရီလိုက်​မဲ့ဖြစ်​ချင်း။

အရင်​တုန်းကဆို ကိစ္စမရှိ​ပေမဲ့ အခု​နောက်​ပိုင်း ရိ​ပေါ်ရဲ့ သူ့အ​ပေါ် အကြည့်​​တွေက တစ်​မျိုးပဲ ချိုမြိန်​​နေတယ်​ အဲ့အကြည့်​​တွေကို ​တွေ့ရင်​ ​ရှောင်​ကျန့်​ တစ်​​ယောက်​ နှလုံး​တွေ​ပေါက်​ထွက်​မတက်​ခုန်​မိတယ်​ ဆိုတာ သူကိုယ်​တိုင်​သာသိသည်

ချစ်​တယ်​တဲ့လား(ချစ်တယ်တဲ့လား)जहाँ कहानियाँ रहती हैं। अभी खोजें