Part-18( Final)

656 39 0
                                    


Zawgyi

အကိုချန်​​ဖေးဟာ သူ့ကတိအတိုင်း တစ်​လအတွင်း ​စေ့စပ်​ပွဲကို ဖျက်​သိမ်း​ပေးခဲ့ပါတယ်​။ ​နောက်​​တော့ ​ရှောင်​ကျန့်​အား နှုတ်​ဆက်​ပြီး ဂျာမနီကိုပြန်​သွားသည်​။

မားက​ ကြိုတင်​အသိ​ပေးခြင်းမရှိဘဲဖျက်​သိမ်းခဲ့တဲ့ ​စေ့စပ်​ပွဲ အတွက်​အ​ကြောင်းပြချက်​ ​တောင်းတဲ့အခါ ရိ​ပေါ်က မိဘများကို ဖွင်​​ပြောခဲ့တယ်​။ မားနဲ့ ဝမ်​ဉီ​လေးကလည်း  အရင်​တည်းက ရိပ်​မိနားလည်​ထားတာ​ကြောင့်​ ကန့်​ကွက်​ခြင်းမရှိဘဲ လက်​ခံ​ပေးခဲ့ပါတယ်​။

ဒီ​နေ့လည်း ရိ​ပေါ်က ​ အပြင်​သွားစရာရှိသည်​ အဆင်​သင့်​ပြင်​ထားရန်​​ပြော​သော​ကြောင့်​  အိ​မ်တွင်​သာပြင်​ဆင်​ပြီး ​စောင့်​နေခြင်း ဖြစ်​သည်​။အိမ်​​ရှေ့တွင်​ကားသံကြား​သော​ကြောင့်​ ရိ​ပေါ် ​ရောက်​​နေပြီ ဆိုတာသိလိုက်​ပြီး ​အောက်​ထပ်​သို့ဆင်းလာခဲ့သည်

YB: ​ကျန့်​​ကော အ​ဆင်​သင့်​ဖြစ်​ပြီလား

XZ: အင်း  ဒါနဲ့ ဘယ်​သွားမှာလဲ

YB: လိုက်​ခဲ့​လေ သိရမှာ​ပေါ့ အခု​တော့ အရင်​တက်​လိုက်

XZ:ဘယ်​​ပေါ် တက်​ရမှာလဲ

YB:ဒီ​ပေါ်​လေ

ရိ​ပေါ်က ဆိုင်​ကယ်​​နောက်​ခုံ​လေးကို ပုတ်​ရင်း​ပြောတာ​ကြောင့်​ ​ရှောင်​ကျန့်​မှာမျက်​ဝန်း​လေး​တွေ အဝိုင်းသားနဲ့ရိ​ပေါ်ကိုပြန်​ကြည့်​သည်​။

XZ:ရိ​ပေါ် ဆိုင်​ကယ်​နဲ့ ဆို ​ကောမလိုက်​ဘူး​နော်

YB: ဘာဖြစ်​လို့လဲ ​ကောရဲ့ လာပါ ကျွန်​​တော်​ ​ဖြည်းဖြည်း​မောင်းမှာ​ပေါ့ 

XZ: ဟင့်​အင်း ဟင့်​အင်း ​ကောမသွားဘူး​နော်​ ရိ​ပေါ်ရယ်​ ကားနဲ့ပဲ သွားရ​အောင်​ပါ

YB: ​ကောနဲ့အတူဆိုင်​ကယ်​ ပတ်​စီးချင်တာ အရင်​ထဲက ကျွန်​​တော်​  ဖြစ်​ချင်​ခဲ့တဲ့ အရာမို့ တစ်​ခါ​လောက်​ပဲအလို​လိုက်​​ပေး​လေ​နော်​ ..​ကော ​နော်​လို့

ခွေး​ပေါက်​​လေး​တွေလို မျက်​လုံးကိုသနားစရာ​ကောင်း​အောင်​ကြည့်​ပြီး​ပြော​နေတာ​​ကြောင့်​  ​နောက်​ဆုံး​ရှောင်​ကျန့်​ပဲ အ​လျော့ ​ပေးရတာ​​ပေါ့

ချစ်​တယ်​တဲ့လား(ချစ်တယ်တဲ့လား)Where stories live. Discover now