အပိုင်း(၂)

338 30 2
                                    

"ဘာာာာာ......!! ဒေါ်လာတစ်ထောင်၊ ဒါ လူစီးတဲ့ကားရော ဟုတ်ရဲ့လားကွာ၊ ကားမီးလုံးလေးကို ဒေါ်လာတစ်ထောင်ပေးရမယ်လို့၊ Di Kun မင်းကို အဲ့လူ ညှက်ချလိုက်တာလား မသိဘူးကွ"

" ငါ ဒီလိုမှန်းသိရင် အချိန်ပိုင်းကုမ္ပဏီကနေ ခေါ်စာရောက်တုန်းက ငါငြင်းခဲ့ရမှာကွာ၊ ဒီနေ့က ရမှာဖြင့် ဒေါ်လာ(၃၀)ထဲကို"

ယနေ့ အချိန်ပိုင်းကုမ္ပဏီက အဆင့်မြင့်ဗီလာတွေရှိရာ ဘိုးဘွားပိုင်ဝန်းများဘက်က အိမ်တစ်အိမ်တွင် ပါတီပွဲတစ်ခုရှိသည်ဟု စာပို့လေသည်။

ထိုပါတီပွဲ၏ ပြင်ဆင်မှုများအတွက် ဝန်ထမ်းအကူတွေ ခေါ်ယူထားသည်မို့ Di Kun ကျောင်းကနေ အချိန်စောဆင်းကာ ရောက်နေပြီး ကူညီလုပ်ကိုင်ပေးရသည်။ စောစောလာရင် အချိန်ပိုကြေးရမည်ဟု ဆိုသည်ကိုး။

အခုလည်း ဝန်းအပြင်ဘက်ကို ထွက်ကာ ပစ္စည်းကားကို စောင့်ခေါ်ရန် ကုမ္ပဏီက ရာထူးရှိအမတစ်ယောက်က ခိုင်းတာမို့ ခြံနောက်ဘက်က အထွက် ဘေးကနေ ဘွားကနဲပေါ်လာတဲ့ကားကြောင့် အမြန်ရှောင်လိုက်နိုင်ပေမယ့် Di Kunမှာ ခြေတစ်ဖက် ထော့နဲ့သွားကာ ကားမီးလုံးပါ အဆစ်လျော်ရတော့မည်။

အခုလည်း တူညီဝတ်စုံတွေကို ဝန်ထမ်းတွေအတွက် ပေးထားသည့် ယာယီအခန်းထဲမှာ ဝန်ထမ်းအင်္ကျီတွေကို လဲနေရင်း သူငယ်ချင်းဖြစ်သူ Bao Zi ဖြင့် စကားပြောနေခြင်းဖြစ်သည်။

Bao Zi က အချိန်ပိုင်း အလုပ်လုပ်တိုင်း အတူတူကျတာများသည့် တခြားတက္ကသိုလ်က ကျောင်းသားလေးတစ်ယောက်ဖြစ်သည်။

"Bao Ziရေ စားပွဲတွေကို အဆင်ပြေမပြေ သွားကြည့်၊ Di Kun မောင်လေးက ဂျာကြီးနားမှာနေ သူခိုင်းစရာရှိရင် အဆင်ပြေအောင်"

"ဟုတ်ကဲ့ အမ"

ပွဲစီစဉ်ညွှန်ကြားတဲ့အမက ပြောသမျှ ခေါင်းတညိတ်ညိတ်နဲ့ သူတို့နှစ်ယောက် ပွဲထဲ လာခဲ့လိုက်ကြသည်။

စတုရန်းအကျယ် ဘယ်လောက်မှန်းမသိ ကျယ်ဝန်းသည့် ဘိုးဘွားခြံဆိုတာမျိုးကို Di Kun ပထမဆုံး ရောက်ဖူးတာမို့ မြင်မြင်သမျှက ငမ်းချင်စရာကောင်းနေသည်။

ဝန်ထမ်းများကလည်း စားပွဲဝိုင်းတွေကြား လှည့်လည်သွားလာနေပြီး Di Kunက ခပ်လှမ်းလှမ်းမှာ ရပ်နေသည့် ဂျာကြီးဆီသွားလိုက်သည်။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)Where stories live. Discover now