အပိုင်း(၇)

202 20 0
                                    

ဟင်းရနံ့တွေ လှိုင်လှိုင်မွှေးနေသော မီးဖိုခန်းထဲတွင်ဖြစ်သည်။

အိမ်တော်ကြီးရှိ အလုပ်သမားတို့မှာ ဟိုမှ ဒီမှ အလျိုလျို သွားလာ လှုပ်ရှားနေကြသည်။

ယနေ့တော့ မီးဖိုခန်းထဲတွင် ပါဝင်နေကျ မဟုတ်သည့် ကောင်ငယ်လေးလည်း တလှုပ်လှုပ်ဖြင့် ချက်ပြုတ်နေသည်။

မနက်လင်းကတည်းက အဒေါ်ကြီးတွေရဲ့ ချက်ပြုတ်နေသည့် ဟင်းလျာတွေကိုကြည့်ကာ သူပါ စွပ်ပြုတ်တစ်ခွက် ချက်ပါရစေဟု ခွင့်တောင်းလေသည်။

အိမ်တော်သခင်မ မေမေWangက ခွင့်ပြုပေးသဖြင့် ဘိုးဘိုးWangနှင့် မိသားစုဝင်အနည်းငယ်အတွက် ကြက်စွပ်ပြုတ်တစ်ခွက်ကို ချက်လေသည်။

ကြက်ပြုတ်ရည်ကို သေသေချာချာလေး အပူချိန်ထိန်းညှိပြီး ချက်ပြုတ်ကာ နူးအိလာသည့်နောက် ဟင်းခတ်အမွှေးအကြိုင်တို့ကို ထည့်လိုက်သည်။

ပန်းကန်လုံးများထဲ စွပ်ပြုတ်ပူပူလေးကို အညီအမျှ ခွဲထည့်လိုက်သည်။

နောက်ဆုံးမှာ ကြက်သွန်မြိတ်ကို ရိပ်ရိပ်လေးလှီးဖြတ်ကာ ဟင်းခွက်များထဲ ထည့်လိုက်ပြီးနောက် စားပွဲပေါ်တည်ခင်းထားလေသည်။

ထိုစဉ်မှာပဲ မီးဖိုခန်းထဲကို ဝင်လာသူက Wang Huo Linဖြစ်လေသည်။

"ဘာတွေလုပ်နေတာလဲ Kun Er"

Apronကို လျိုသွင်းကာ ဝတ်ထားသည့်ကောင်လေးက တကုတ်ကုတ်ဖြင့် ချက်ပြုတ်နေသည်ကို ကြည့်ကာ မေးလိုက်သည်။

" ကြက်စွပ်ပြုတ်၊ ဘိုးဘိုးကြီးတို့နဲ့ အိမ်သားတွေ စားရအောင် နည်းနည်းချက်နေတာ"

"တတိယသခင်လေးရယ်၊ သခင်လေး Liကို မလုပ်ဖို့ တားပေးပါအုံး"

အပူလောင်မှာ စိုးရိမ်နေသော အန်တီ Luကို ပြုံးရယ်ကာကြည့်လိုက်ရင်း Dai Kun က ပြောလေသည်။

"မလောင်ပါဘူး အန်တီLuရဲ့ ကျွန်တော် ကျောင်းမှာဆို အဆောင်မှူးမသိအောင် ခေါက်ဆွဲပြုတ်စားနေကျ ဟီး"

ယောက်ချိုဇွန်းလေးဖြင့် အိုးကိုမွှေကာ ဟင်းရည်အနည်းငယ်ကို ခပ်လိုက်သည်။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)Where stories live. Discover now